Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိပြုလုပ် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အပေါ် IKO ၏သဘောထားထုတ်ပြန်ချက်

By International Karen Organization  •  January 12, 2016

၁. ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ (ရ) ရက်နေ့၊ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီအရေးပေါ်တိုးချဲ့အစည်းအဝေးမှ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်မည်မဟုတ်ကြောင်းဆုံးဖြတ်ချက်အပေါ် IKO မှအပြည့်အ၀ ထောက် ခံ သည်။

၂.ဦးသိန်းစိန်အစိုးရသည်ဗမာပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသောစစ်ပွဲများ ရပ်တန့်သွားစေရန် အလေးထားဆောင် ရွက်ရမည့်အစား၊ NCA ကိုလက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစု ရှစ်ဖွဲ့သာ ပါဝင်ပြီး ၊ နိုင်ငံရေး ပါတီများနှင့် လူမှူရေးအဖွဲ့အစည်းများကို ဖိအား ပေးကာ ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံကိုကျင်းပခြင်းသည် တပြည်လုံး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့ကို အမှန်တကယ် မလိုလားကြောင်း ထင်ရှား စေသည်။

၃. ဦးသိန်းစိန်အစိုးရ၏ ကြံ့ဖွံ့ပါတီ သည်ရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးခဲ့ပြီး ၊ မကြာမီ အချိန်ကာလအတွင်း အနိုင်ရ NLD ပါတီသို့ အာဏာလွဲပြောင်းရတော့မည်ကို သိလျက်နှင့်ပင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အပူတပြင်း လုပ်ဆောင်နေခြင်းသည် တိုင်းပြည်အကျိုးထက် မိမိတို့အကျိုးကို ဆောင်ရွက်နေသည်ဟု IKO မှမှတ်ယူသည်။

၎. ဦးသိန်းစိန်အစိုးရသည် ကျန်ရှိနေသေးသော၊ တိုတောင်းသည့် သက်တမ်းကာလအတွင်းတွင် ပရိယာယ်အမျိုးမျိုး ဆင်နေသည်မှာ နောင်တက်လာမည့် အစိုးရသစ်အတွက် အခက်အခဲများဖြစ်နိုင်သဖြင့်၊လက်ရှိပြုလုပ် နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသည်လည်း၊ တိုင်းရင်းသားများလိုလားသည့် ပြည်တွင်းငြိမ်းချမ်းရေး နှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အခွင့်အလန်း မရှိဟု IKO မှသုံးသပ်သည်။

၅. အထက်ပါ အကြောင်းအရာများကို ခြုံငုံ သုံးသပ်ရလျင်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်းအားစု များ တစိုက်မတ်မတ်တောင်းဆိုလာခဲ့သည့်၊ အားလုံးပါဝင်သော အပစ်အခတ်ရပ်စဲရေးနှင့် အားလုံးပါဝင်သော အမျိုး သားညီလာခံ မဖြစ်နိုင်သည့်အတွက် IKO မှ အဆိုပါပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအား အယုံအကြည်မရှိ ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

နိုင်ငံတကာကရင့်အဖွဲ့အစည်း(IKO)
ဗဟိုအလုပ်အမှူဆောင်ကော်မတီ

ဆက်သွယ် ရန်-
မန်းအော်လဲဒို (ကရင်၊ မြန်မာ) + ၆၁ ၄၃၁၅ ၂၇၂၆၇
နော်ထူးခူဆာစေး (ကရင်၊ အင်္ဂလိပ်) + ၄၄ ၁၁၄၂၄၉ ၈၂၈
နော်မားရာ ဒါးဂေဖေါ (ကရင်၊ အင်္ဂလိပ်) + ၁ ၇၁၈၂၀ ၇၂၅၅၆

Tags: , , , , ,

This post is in: Press Release

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Myanmar’s New Dawn :Opportunities for Aung San Suu Kyi and U.S.-Myanmar Relations
Expanding People’ Solidarity for a Just and Inclusive ASEAN Community
Civil society launches #FreeThe5KH campaign in support of the imprisoned ADHOC staff and NEC official
Myanmar logging ban a major step to forest sector reform