Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မဲဆန္ဒရှင်များ၏ရွေးချယ်မှု နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်အမျိုးသမီးများပါဝင်မှု

By Socio-Economic and Gender Research Institute  •  November 6, 2015

မြန်မာ့နိုင်ငံရေးသမိုင်းစဉ်တစ်လျောက်တွင် အမျိုးသမီးများသည် အခြားသောနိုင်ငံများနည်းတူ ရွေး ကောက်ခံကိုယ်စားလှယ်၊ မဲပေးသူ၊ ကိုယ်စားလှယ်လောင်း၊ နှင့် တက်ကြွနိုးကြားမှုရှိသော  နိုင်ငံသားများအဖြစ်ဖြင့် ပါဝင်နေခဲ့ကြသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီးရရှိသော ကိန်းဂဏန်း များအရ ပြည်ထောင်စုလွှတ်တော်နှင့် Women Political Action 2015ပြည်နယ် နှင့်တိုင်းဒေသကြီးလွှတ်တော် နှစ်ရပ် စလုံး၌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၅၃ ဦး (၄.၆%) ပါဝင်ပြီး ပြည်သူ့လွှတ်တော်တွင် ၂၅ ဦး (၇.၈%)၊ အမျိုးသားလွှတ်တော်တွင် ၄ ဦး (၂.၄%)၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် တွင် ၂၄ ဦး (၃.၆%) ရှိသည်ဖြစ်ရာ ကျားမတန်းတူညီမျှရေးအတွက် အနိမ့်ဆုံးလိုအပ်ချက်ဖြစ် သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်း ၃၀% ပြည့်မှီရန် များစွာလိုပါသေးသည်။

အမျိုးသမီးအဖွဲ့အစည်းများ၊ ကျားမတန်းတူညီမျှရေး လှုတ်ရှားဆောင်ရွက်ကြသည့်အဖွဲ့အစည်း များ၊ အမျိုးသမီးများနိုင်ငံရေးလှုတ်ရှားမှုအပါအ၀င်ကွန်ယက်များ၊ နှင့် အမျိုးသမီးရေးတက်ကြွ လှုတ်ရှားသူများသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအား မြန်မာ့နိုင်ငံရေး၏ (တစ်နည်း အားဖြင့် ဒီမိုကရေစီတည်ဆောက်ရေး၏) အရေးကြီးသောအချိုးအကွေ့အဖြစ်သာမက အမျိုး သမီးများနိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချသည့်နေရာများတွင် ကိုယ်စားပြုမှုတိုးမြင့်လာခြင်းဖြင့် အမျိုးသမီးအခွင့်အရေးများ လက်တွေ့ကျင့်သုံးရယူခံစားနိုင်ရေးအတွက် အရေးပါသောအလှည့် အပြောင်းအဖြစ် ရှုမြင်ကြသည်။

အစီရင်ခံစာအပြည့်အစုံ မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , , , , ,

This post is in: 2015 Burma Elections, ASEAN, Crimes Against Humanity, Economy, Ethnic Nationalities, Health, Human Rights, International Relations, Law, Military Regime, Political Prisoners, Resistance, Women

Related Posts
Armed Forces and Democratization in Myanmar: Why the U.S. Military Should Engage the Tatmadaw
Burma: Country Reports on Human Rights Practices for 2015
Report of the Special Rapporteur on the situation of human rights in Myanmar
Atrocities Prevention Report: Targeting of and Attacks on Members of Religious Groups in Burma
The 2015 Elections and Beyond: Perspectives from villagers in rural southeast Burma/Myanmar