Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်နှင့်ပတ်သက်သော သဘောထားထုတ်ပြန်ချက်

By Arakan National Network  •  October 16, 2015

ကွဲပြားစရာအကြောင်းအရာများ မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့အနေဖြင့် သမိုင်းကြောင်း
အစဉ်အလာဂုဏ်သိက္ခာအရ အိမ်ရှင်မှဧည့်သည်အပေါ် ဧည့်ဝတ်တရားကျေပွန်ရမည်ဖြစ်သဖြင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်ခရီးစဉ်အား ကျန်တိုင်းရင်း
သားပြည်သူတစ်ရပ်လုံးနှင့်အတူ ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အဆိုပါခရီးစဉ်အတွင်း NLDပါတီစည်းရုံးရေးကိစ္စ
များအပြင် ရခိုင်ပြည်သူတို့လက်ရှိခံစားနေရသော လူမှုဒုက္ခအဖုံဖုံကို လက်တွေ့ခံစားသိမြင်လာပြီး
နောင်အနာဂတ်ကာလ၌ ရခိုင်တိုင်းရင်းသားတို့ဘက်မှ ပိုမိုရပ်တည်ရုန်းကန်လာမည်ဟု ကျွန်ုပ်တို့
အနေဖြင့် မျှော်လင့်မိပါသည်။

ကျွန်ုပ်တို့၏ အဆိုပါမျှော်လင့်မှုသည် ပိုမိုခိုင်မာလာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်
နှင့် NLDပါတီ၏ ရိုးသားပြီးရှင်းလင်းတိကျသော သဘောထားများ၊ နိုင်ငံရေးအရတည်ကြည်မှုနှင့်
အပြန်အလှန်ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကသာ ကျွန်ုပ်တို့အားလုံး၏ အနာဂတ်ကို
ပိုမိုလှပစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏
ရခိုင်ပြည်ခရီးစဉ် အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , , , ,

This post is in: Press Release

Related Posts
Armed Forces and Democratization in Myanmar: Why the U.S. Military Should Engage the Tatmadaw
Burma: Country Reports on Human Rights Practices for 2015
Report of the Special Rapporteur on the situation of human rights in Myanmar
Atrocities Prevention Report: Targeting of and Attacks on Members of Religious Groups in Burma
The 2015 Elections and Beyond: Perspectives from villagers in rural southeast Burma/Myanmar