Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

(၅၃) နှစ်မြောက် ၇ ရက် ဇူလိုင်အထိမ်းအမှတ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်၏ ထုတ်ပြန်ကြေညာချက်

By Students & Youth Congress of Burma  •  July 7, 2015

၇ရက် ဇူလိုင်နေ့ဆိုသည်မှာ ဗိုလ်နေဝင်းစစ်အုပ်စုမှ နိုင်ငံရေးဇာတ်ခုံပေါ်တက်လာပြီးတာနဲ့ ‘ဓါးဓါးခြင်းလှံလှံခြင်း’ ရင်ဆိုင်ဖြေရှင်းမည်ဟုကြုံးဝါးကာ ကျောင်းသားထုနှင့်ပြည်သူများကိုပစ်ခတ်သတ်ဖြတ်ခဲ့ပြီး သမိုင်းဝင်(တကသ)အဆောက် အဦးကို ဒိုက်နမိုက်ဖြင့်ဖြိုခွဲကာ စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ယုတ်မာမှုများကိုဖော်ပြသည့်လိုက်သည့် သမိုင်းဝင်နေ့ဖြစ် သလိုကျောင်းသားထုရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူပြီးပြည်သူ လူထု ကိုသွေးနဲ့ မီးမောင်း ထိုးပြခဲ့သည့် နေ့လည်းဖြစ်ပါသည်။

မျိုးဆက်သစ် ကျောင်းသားလူငယ်ထုများ၏လှုပ်ရှားမှုများတွင် သမိုင်းအစဉ်အလာကြီးမြတ်သည့် ကျောင်းသား သမဂ္ဂစိတ်ဓါတ်ဖော်ထုတ်ရေး၊ (တကသ)အဆောက်အဦးနှင့်တရားဝင်ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းရေး၊ စစ်အာဏာ ရှင်စနစ်ဖျက်သိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားသွေး စည်းညီညွတ်ရေးတို့ကိုတိုင်းပြည်နှင့်လူမျိုးပေါင်းစုံ ပြည်သူလူထုအတွက်ကျောင်းသားထု၏ လက်တွေ့တိုက်ပွဲ လုပ်ငန်းစဉ် များက သက်သေပြခဲ့ပါသည်။

ပွင့်လင်းမြင်သာသည့် ဦးသိန်းစိန်(စစ်တပိုင်း)အစိုးရဟာ အရက်စက်ဆုံး၊ အဖောက်ပြန်ဆုံးသော ယခင် နည်းလမ်း ဟောင်းအတိုင်း နည်းမျိုးစုံကိုသုံးပြီး လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေ ဆွေစဉ်မျိုးဆက်ကောင်းစားရေး အတွက်သာ လုပ်ဆောင်နေတာ ကိုတွေ့နေရပေသည်။

တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးနှင့် ကျောင်းသားလူငယ်ထုတရပ်လုံး ကမ္ဘာ့နိုင်ငံအသီးသီးကပါ အစဉ်ဆက် မပြတ်တောင်းဆိုခဲ့သည့် စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ပြန်လည်အသက် သွင်းဖို့ တစိုက်မတ်မတ်ကြိုးစားနေပါသည်။

ထို့ကြောင့် (မဆလ) ၊(နဝတ)၊ (နအဖ)၊ အခု အစိုးရလက်ထက်အထိလူထုရှေ့က ရဲရဲရင့်ရင့် ရပ်တည် တိုက်ပွဲဝင် ခဲ့သည့် ကျောင်းသားသမဂ္ဂစိတ်ဓါတ်၊ တိုက်ပဝွဲ င်ခွပ်ဒေါင်းအလံတော်၊ တိုက်ပဝွဲ င်ကျောင်းသားအပေါင်းတို့၏ တိုက်ပွဲအဆက် ဆက်မှ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းရန် ကျနော်တို့ မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက်မှ လူမျိုး ပေါင်းစုံ ကျောင်းသားလူငယ်ထုနှင့်အတူအတက်ကြွဆုံး လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဟု (၅၃)နှစ် မြောက်၇ ရက် ဇူလိုင် အထိမ်းအမှတ်နေ့တွင် လေးနက်တည်ကြည်စွာဖြင့် ထုတ်ပြန်ကြေညာအပ်ပါသည်။

ရဲရင့်သူတွေအတွက် ပန်းတိုင်ရှိတယ် – တိုက်ရဲသူတွေအတွက်အောင်ပွဲရှိတယ်
၇ ရက်တိုက်ပွဲ ၀င်စိတ်ဓါတ်အဓွန့် ရှည်ပါစေ။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(အက်စ်ဝိုင်စီဘီ)

သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , ,

This post is in: Press Release

Related Posts
Myanmar: Release Four “Rohingya Calendar” Political Prisoners
Burma: Rights Priorities for New Government
Myanmar: Scrap or Amend new Law that could Grant Immunity to Former Presidents
Burma Army Moves to Tighten Grip on Power
Sounds of War Taint the Cheers of Election Success