Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ကမ္ဘာ့ပါတ်ဝန်းကျင်နေ့

By Tenasserim River & Indigenous People Networks  •  June 4, 2015

နှစ်စဉ်နှစ်တိုင်း ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပါတ်ဝန်းကျင်နေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာအရပ်ရပ်တွင် ပါတ်ဝန်းကျင်နှင့်ဆိုင်သော လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်လေ့ရှိပါသည်။

၁၉၇၀ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ ပါတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်မှ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ ပါတ်ဝန်းကျင်နေ့ အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။

၁၉၇၁ ခုနှစ်မှ စတင်ခဲ့သော ကမ္ဘာ့ပါတ်ဝန်းကျင်နေ့ လှုပ်ရှားမှုမှတစ်ဆင့် ကမ္ဘာသူ ကမ္ဘာသားများမှ ကောင်းမွန်ပြီး စိမ်းလန်း သော ပါတ၀န်းကျင်သည် လူသားဘ၀အတွက် အရေး ကြီးကြောင်း သတိမူလာစေရန်နှင့် လူတိုင်းလူတိုင်း၊ အစိုးရ၊ အဖွဲ့အစည်း အသီးသီးမှ ပါတ၀န်းကျင်ကို ကယ်တင်ရန် တာဝန်ရှိကြောင်း သတိပြုမိလာစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။

နှစ်စဉ်နှစ်တိုင်း ကဏ္ဍအသီးသီးမှလည်း ပါတ၀န်းကျင်ဆိုင်ရာ ပြဿနာများကို ထိရောက်စွာနှင့် အပြုသဘောဆောင်သော အဖြေ ရှာမှုများ ပေါ်ပေါက်လာစေရန်အတွက် ပြည်သူ့ထံသို့ သတင်းအချက် အလက်များကို နည်းအမျိုးမျိုးဖြင့် ပေးပို့ခဲ့ပါသည်။

အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့်များမှလည်း ကွဲပြားခြားနားသော ပါတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို ပြည်သူလူထုမှ အာရုံပြုမိလာစေရန်အတွက် စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖေါ်ခြင်း၊
အတူတကွသစ်ပင်စိုက်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း စသည့် လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိပါသည်။

အထူးသဖြင့် ခေတ်လူငယ်များအကြား ပြုလုပ်လေ့ရှိသော လှုပ်ရှားမှုများမှာ အမှိုက်သရိုက်ရှင်းလင်းခြင်း၊ အနုပညာပြပွဲများ ကျင်းပခြင်း၊ သစ်ပင်စိုက်ခြင်း၊ အကပြိုင်ပွဲ၊ စွန့်ပစ်ပစ္စည်းများအား အခြားပစ္စည်းအဖြစ် တီထွင်ခြင်း၊ စာစီစာကုံးရေးခြင်းနှင့် ပန်းချီရေးဆွဲခြင်း တို့ဖြစ်ပါသည်။

ထို့အတူ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာဌာန အသီးသီးမှလည်း တက်ကြွစွာ ပါဝင်လေ့ ရှိပါသည်။ ကမ္ဘာအနှံ့ ဦးစားပေးလှုပ်ရှားမှုအနေဖြင့် အလေးထားလုပ်ဆောင်နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂမှ ကမ္ဘာ့ပါတ်ဝန်းကျင်နေ့နှင့် ပါတ်သက်သော ဆောင်ပုဒ် ကို နှစ်စဉ် ပြောင်းလဲသတ်မှတ်ပေးလေ့ ရှိပါသည်။

၂၀၁၅ ခုနှစ်၏ ဆောင်ပုဒ်မှာ “တစ်ခုတည်းသောကမ္ဘာ၊ တစ်ခုတည်းသောပါတ်ဝန်းကျင်” ဖြစ်ပါသည်။

ကမ္ဘာ့ပါတ်ဝန်းကျင်နေ့တွင် ပြုလုပ်ရသော လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်များမှာ

  • ပြည်သူလူထုမှ ပါတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်နှင့် ပြဿနာများကို သတိမူလာစေရန်
  • မတူညီသော လူ့အဖွဲ့အစည်းအသီးသီးမှ ပါတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှုနှင့် တိုးတက်ကောင်းမွန် လာစေရန်အတွက် တက်ကြွသူများဖြစ်လာစေရန်
  • ကျေးလက်လူ့အဖွဲ့အစည်းများက ပါတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များသည် ဆိုးရွားသော အခြေအနေသို့ ရောက်မလာစေရန် ဟန့်တားရာတွင် အရေးကြီးသော သူများဖြစ်ခြင်း
  • ပြည်သူလူထုမှ မိမိပါတ်ဝန်းကျင်တွင် လုံခြုံမှု၊ သန့်ရှင်းမှုရှိခြင်းတို့ကြောင့် ကောင်းမွန်သော အနာဂတ်ကို ရရှိလာစေရန်အတွက် တွန်းအားပေးမှုတွင် ပါဝင်လာစေရန် တို့ဖြစ်ပါသည်။

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

 

Tags: , ,

This post is in: Press Release

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Myanmar’s New Dawn :Opportunities for Aung San Suu Kyi and U.S.-Myanmar Relations
Expanding People’ Solidarity for a Just and Inclusive ASEAN Community
Civil society launches #FreeThe5KH campaign in support of the imprisoned ADHOC staff and NEC official
Myanmar logging ban a major step to forest sector reform