Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ပညာရေးဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးပွဲ ရပ်ဆိုင်းခြင်းအပေါ် ထုတ်ပြန်ကြေညာချက်

By CSO Forum Coordination Committee  •  February 4, 2015

CSO Forum Coordination Committee

(၄) ရက်၊ ဖေဖော်ဝါရီလ ၂၀၁၅

ပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသား၊ အစိုးရနှင့်၊ လွှတ်တော်နှင့် NNER ကိုယ်စားလှယ်များကြား ကနဦး တွေ့ဆုံညှိနှိုင်းမှုကို ရန်ကုန်တွင် ပြုလုပ်ခဲ့သော်လည်း၊ ဆွေးနွေးမှုများတွင် အစိုးရမှ တန်းတူဆက်ဆံမှု မရှိခြင်း၊ ကျောင်းသားနှင့် NNER ကိုယ်စားလှယ်များအပေါ် အသိအမှတ်ပြုမှုမရှိခြင်း၊ ဆွေးနွေးပွဲအတွင်း သပိတ်လှန်ရန် ဖိအားပေးခြင်း၊ စသည့်အခြေအနေများကို ကြုံတွေ့ပြီးနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၊ (၃) ရက်နေ့တွင်  ဆက်လက်ဆွေးနွေးမည့် အစီအစဉ်ကို အစိုးရမှ ရပ်ဆိုင်း၍ ၂၀၁၅ ခုနှစ်၊ ဖော်ဖော်ဝါရီလ၊ (၁၂) ရက်နေ့ နောက်ပိုင်းသို့ ရွှေ့ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ ရက်အတိအကျ သတ်မှတ်ခြင်းမရှိပဲ ဆွေးနွေးပွဲ ရွှေ့ဆိုင်းခြင်း၊ ထို့ပြင် သပိတ်လမ်းကြောင်း တစ်လျောက် ချီတက်လာသော ကျောင်းသားများကို လုံခြုံရေးအရ ခြိမ်းခြောက်ခြင်း အပါအဝင် နည်းလမ်း မျိုးစုံဖြင့် နှောင့်ယှက်တားဆီးခြင်းများ ဆက်လက်ပြုလုပ်နေခြင်းတို့ကြောင့် ပညာရေး ဥပဒေပြင်ဆင်ရေး ညှိနှိုင်းအဖြေရှာရန် အလားအလာအပေါ် အလွန်မသေမချာ ဖြစ်စေသည့်အတွှက် မိမိတို့အနေဖြင့် အထူးစိုးရိမ် မိပါသည်။

မိမိတို့ CSO Forum ၏ အဖွဲ့ဝင်ဖြစ်သော NNER သည် မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလအတွင်း ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ကွန်ယက်များဖြင့် ဖွဲစည်းထားပြီး ကျောင်းသားကိုယ်စားလှယ်များကို နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးလျက်ရှိသောကြောင့်  လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးတွင် NNER ၏အခန်းကဏ္ဍကို မိမိတို့ CSO Forum အနေဖြင့် အပြည့်အဝ အသိအမှတ်ပြု ထောက်ခံပါသည်။ ထို့ပြင် NNER ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဒေါက်တာသိန်းလွင်၏ ကျောင်းသားများအား ဆက်လက်ပံ့ပိုးကူညီသွားမည့် ရပ်တည်ချက်ကို မိမိတို့မှ ကြိုဆိုဝန်းရံသွားမည်။

လက်တလော အရေးကြီးအခြေအနေတစ်ရပ်ဖြစ်သော ပညာရေးဥပဒေပြင်ဆင်ရေးကိစ္စ ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နှင့် NNER ကိုယ်စားလှယ်များကြား တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြန်လည်စတင်ရန်နှင့် သပိတ် ကာလ ဆက်လက်ချီတက်လျက်ရှိသော ကျောင်းသားပြည်သူများအား အစိုးရမှ နည်းမျိုးစုံဖြင့်နှောက်ယှက် ဖိအားပေးခြင်းများ၊ အကြမ်းဖက်ဖြိုခွဲခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် အလေးအနက် တိုက်တွန်းတောင်းဆို ပါသည်။

ဆက်သွယ်ရန် – မခင်လေး (၀၉ ၂၅၆၀၈၀၈၉၇) ဦးအောင်မျိုးမင်း (၀၉ ၄၄၈၀၁၅၃၀၆) 

Tags:

This post is in: Press Release

Related Posts