Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်၏ အဋ္ဌမအကြိမ်မြောက် ညီလာခံ ထုတ်ပြန်ကြေညာချက်

By Students and Youth Congress of Burma  •  November 23, 2014

၁။ မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန်ဂရက်၏ အဋ္ဌမကြိမ်မြောက် ညီလာခံကို ၂၀၁၄ ခုနှစ်၊ နိုဝင် ဘာလ(၂၀) ရက်မှ (၂၂)ရက်ထိ (၃)ရက်တာ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ် ခဲ့သည်။ ညီလာခံသို့ ကွန်ဂရက်အဖွဲ့ဝင် အဖွဲ့အစည်း(၁၁)ဖွဲ့မှ ညီလာခံ ကိုယ်စားလှယ် များနှင့် လေ့လာသူ အပါအ၀င် စုစုပေါင်း(၃၉)ဦး တက်ရောက် ခဲ့ကြပါသည်။

၂။ ဤညီလာခံတွင် စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကျောင်းသားလူငယ် အင်အားစုများအကြား နားလည်မှု၊ ယုံကြည်မှုနှင့် သွေးစည်း ညီညွတ်မှု ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့် ဦးတည်ချက်(၃)ရပ်အပါအ၀င် ရည်ရွယ်ချက်(၅)ရပ်နှင့် မဟာဗျူဟာ လုပ်ငန်းစဉ်(၆)ရပ်တို့ကို သဘောတူ ချမှတ်နိုင်ခဲ့သည်။

၃။ ညီလာခံအတွင်း နိုင်ငံရေးအခြေအနေ သုံးသပ်ရာတွင် လက်ရှိမြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အာဏာရပါတီ၊ လွှတ်တော်၊ အစိုးရနှင့် စစ်တပ်တို့အကြား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေး အာဏာ၊ စီးပွားရေး လုပ်ပိုင်ခွင့် ဆုံးဖြတ် လုပ်ဆောင်ချက်များတွင် မတူညီသည့် တာဝန်များ ခွဲဝေ ကျင့်သုံးနေ ကြခြင်းဖြစ်သည်။ လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းအတွင်း ဆောင်ရွက်ချက် များသည် ယခင် စစ်အစိုးရ၏ လမ်းပြမြေပုံ(၇)ဆင့်အပေါ် အကောင်အထည် ဖော်ဆောင် ရွက်နေခြင်း သာဖြစ်သည်။ အာဏာ သိမ်းစစ်ကောင်စီဘ၀မှ ဖွဲ့စည်းပုံအခြေခံ စစ်တပ်ကျောထောက် နောက်ခံပြု အစိုးရအဖြစ် ပြောင်းလခဲ့ခြင်း သာဖြစ်သည်ဟု မိမိတို့က ရှုမြင်သည်။

၎။ ယနေ့ကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုများ၊ အလုပ်သမား၊ လယ် သမား၊ ကျောင်းသား လူငယ်များ၏ အခြေခံအခွင့်အရေး ရပိုင်ခွင့် လှုပ်ရှားမှုများ၊ ခိုင်မာသော အပစ်ခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာလှုပ်ရှားမှုများ၊ ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေး လှုပ်ရှားမှု များကို အခြေပြုစုစည်း၍ နိုင်ငံရေးအရ ဦးဆောင် ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း အတူတကွ ရှာဖွေဖော်ထုတ်ရန် လိုအပ်နေပေသည်။ ထို့အတူ သက်ဆိုင်ရာ အင်အားစုများ အားလုံး ပါဝင်သည့် အနှစ်သာရရှိသော နိုင်ငံရေးဆွေးနွေးပွဲ တရပ်ကို ကျင်းပ၍ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးဆိုင်ရာ ဘုံသဘော တူညီချက်တရပ် ချမှတ်နိုင် မှ သာလျှင် အားလုံး ရင်ဆိုင်နေရသည့် နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်။

၅။ ဤညီလာခံမှ ချမှတ်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် သဘာပတိအဖွဲ့ဝင်(၁၁) ဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင်(၅)ဦး ကို ရွေးချယ် တင်မြှောက်နိုင်ခဲ့ပါသည်။

အတွင်းရေးမှူး အဖွဲ့ဝင်(၅) ဦးမှာ –

၁။ စောဂျက်ပစီ အထွေထွေအတွင်းရေးမှူး
၂။ လိုည်းမိုးလှိုင် တွဲဖက်အထွေထွေအတွင်းရေးမှူး
၃။ ကိုကျော်မင်းထိုက် အတွင်ရေးမှူးအဖွဲ့ဝင်
၎။ ရှရီအနန် အတွင်းရေးမှူးအဖွဲ့ဝင်
၅။ မညိုညိုလင်း အတွင်းရေးမှူးအဖွဲ့ဝင် တို့ ဖြစ်ပါသည်။

“ငြိမ်းချမ်းရေး၊ အမျိုးသား တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး”

မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက်
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်။

ဆက်သွယ်ရန် –
၁။ မိမရမူ (သဘာပတိအဖွဲ့ဝင်) +၆၆ (၀)၈၇ ၀၄၂ ၇၁၆၃ (ထိုင်း)၊ +၉၅ (၀)၉၃ ၁၄၀ ၇၈၅၀ (မြန်မာ)
၂။ စောဂျက်ပစီ (အထွေထွေအတွင်းရေးမှူး) +၆၆ (၀)၈၁ ၀၄၂ ၈၃၉၈ (ထိုင်း)၊ +၉၅ (၀)၉၃ ၁၆၆ ၅၃၅၃ (မြန်မာ)

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။

Tags: , , , , , , , , ,

This post is in: Press Release

Related Posts
Myanmar: Release Four “Rohingya Calendar” Political Prisoners
Burma: Rights Priorities for New Government
Myanmar: Scrap or Amend new Law that could Grant Immunity to Former Presidents
Burma Army Moves to Tighten Grip on Power
Sounds of War Taint the Cheers of Election Success