Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB) သတင်းထုတ်ပြန်ချက်

By Students and Youth Congress of Burma  •  May 30, 2014

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB) မှ ၂၈-၂၉ မေလ ၂၀၁၄ ခုနှစ်တွင် ကမကထပြု  စီစဉ်ဆောင်ရွက်သော ပဉ္စမ အကြိမ်မြောက် ဒေသတွင်း ဆိုင်ရာ ကျောင်းသားများနှင့် တိုင်းရင်းသားလူငယ် များ တွေ့ဆုံနှီးနှော ဖလှယ်ပွဲ တွင် ပြည်တွင်းငြိမ်းချမ်းရေး၊ မဟာစီမံကိန်းများ၊ ပညာရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိစ္စရပ်များနှင့်ပတ်သက်၍ လက်ရှိ အခြေ အနေနှင့်၊ မိမိတို့ အဖွဲ့အစည်းများ၏ အမြင် သဘောထားများ၊ လုပ်ငန်းစဉ်များ ကို ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ ထို့နောက် အနာဂတ်တွင် မိမိအဖွဲ့အစည်းများ၏ မူဝါဒများနှင့်အညီ လက်တွဲ ဆောင်ရွက်သွားရန် သဘောတူညီပါသည်။

၁။ ပြည်တွင်းငြိမ်းချမ်းရေး နှင့်ပတ်သက်၍

(က) ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် အလွှာပေါင်းစုံမှ ပြည်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများ (Stakeholders) ပူးပေါင်းပါဝင်ခွင့် ရရှိရန်

(ခ) တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အာမခံနိုင်သော ငြိမ်းချမ်းရေးဖြစ် စဉ် ပေါ်ပေါက် လာရေးအတွက် သမာသမတ် ကျကျ စေ့စစ်ညှိနှိုင်းပေးနိုင်သော အဖွဲ့အစည်းများ၊ လေ့လာသူများ၊ စောင့်ကြည့်ကြပ်မတ် သူများသည် ငြိမ်းချမ်းရေးဖြစ်စဉ်၏ သက်ဆိုင်ရာ အဆင့်ဆင့်တိုင်းတွင် ပါဝင်ခွင့်ရရှိရန်

(ဂ) ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဖယ်ဒရယ် စနစ်ဖြစ်ပေါ်လာရေးကို ရှေးရှု ၍ ဆွေးနွေးမှုများကို ရိုးသား စွာပြုလုပ်ရန်

(ဃ) ပြည်တွင်းစစ်ပြဿနာရပ်များကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာဖြေရှင်းရန်

၂။ ပညာရေး နှင့်ပတ်သက်၍

(က) ဒီမိုကရေစီ ပညာရေးစနစ် ပေါ်ပေါက်ရေး အတွက် ဒေသအလိုက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်

(ခ) ပြည်သူ့လွှတ်တော်က အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေ(မူကြမ်း) ကို တစ်နိုင်ငံလုံးရှိ ကျောင်းသားလူငယ်များ ချိတ်ဆက်၍ ကန့်ကွက် လှုပ်ရှားမှုများ ပြု လုပ်သွားရန်

(ဂ) အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေနိုင်သည့် သင်ရိုး ညွှန်းတမ်းများ ဖြစ်ပေါ် လာစေရန်

၃။ မဟာစီမံကိန်းများနှင့် ပတ်သက်၍

(က) လူထုအကျိုးကို ကာကွယ်နိုင်ပြီး လူထုအတွက် အာမခံချက်ရှိသည့် တိကျ မှန်ကန်သောရင်းနှီး မြှုပ်နှံမှု ဥပဒေဖြစ်ပေါ်လာရန်

(ခ) ဒေသခံ အခြေပြု စောင့်ကြည့်ရေးအဖွဲ့များဖြစ်ပေါ်လာရန်

(ဂ) လက်ရှိ အကောင်အထည်ဖော်ပြီးသော မဟာစီမံကိန်းများကို ပြန်လည် သုံးသပ် ရန်

(ဃ) စီမံကိန်းသက်ရောက်မှုရှိသော ဒေသခံများအား နိုင်ငံတကာစံနှုန်းများအတိုင်း ထိုက်တန်သော လျော်ကြေး နစ်နာကြေး၊ အနာဂတ်ဘ၀ အာမခံချက်များ ရရှိရေး တောင်းဆိုမှုများ ပြုလုပ်သွားရန်

(င) သိမ်းဆည်းထားသော မြေယာများပြန်လည်ပေးအပ်ရန်အပြင် ၄င်းတို့၏ လိုအပ်သော အသုံးစားရိတ်များအား ထပ်မံထောက်ပံ့ပေးရန်

(စ) ဒေသခံ၊ ဥပဒေပညာရှင်၊ CSOs ၊ Media နှင့် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင် ရွက်မှုအား ပိုမို ကောင်းမွန်လာရန်

(ဆ) EIA / SIA သုတေသန တွေ့ရှိချက်များအား ဒေသခံများ အလွယ်တကူ နားလည်နိုင်သောနည်း လမ်းများဖြင့် အသိပေးဖြန့်ဝေရန်

(ဇ) စီမံကိန်းများ စတင်ဆောင်ရွက်ခြင်းမပြုမီ စီမံကိန်း သက်ရောက်မှုရှိမည့် ဒေသခံ များ၏ သဘော တူညီမှုရယူရာတွင် ဒေသခံများ၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်၊ ကြိုတင် ညှိနိုင်းမှုများပြုလုပ်ခွင့်နှင့် သတင်းအချက်အလက် များရရှိခွင့် (Free, Prior and Informed Consent) အပေါ် အခြေခံရန်

(ဈ) မဟာစီမံကိန်းများ ဆောင်ရွက်ရာတွင် CSOs, Local Community များ၏ သုံးသပ်မှုများ၊ စီမံကိန်း သက်ရောက်မှုရှိသည့် ဒေသခံများ ဆုံးဖြတ်ပိုင်ခွင့်များနှင့် အညီ ဆောင်ရွက်ရန်

(ည) Social Safety Net of Finance များထားရှိရန်

(ဋ) စီမံကိန်းများ လုပ်ဆောင်မှု အဆင့်တိုင်းတွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရန်

၎။ ဖွဲ့စည်းပုံအခြေခံဥပဒေ

(က) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန်

(ခ) ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း၍ ကျောင်းသား လူငယ်များကြား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်သွားရန်

(ဂ) ကျောင်းသား လူငယ်များမှတဆင့် ပြည်သူလူထုကြားတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ရန်

(ဃ) ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အလုပ်သမားများ၊ လယ်သမားများ၊ အမျိုးသမီးများ အစရှိသည့် လူထုများအကြား အခြေခံဥပဒေပြင်ဆင်ရေး ပူးတွဲလှုပ်ရှားမှု များ ဖော်ဆောင်ရန်

(င) နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ပိုမိုဖိအားပေးရေး တိုက်တွန်းလှုံ့ဆော်သွားရန်

(စ) ပင်လုံညီလာခံကဲ့သို့ ပြည်ထောင်စု ညီလာခံကြီး တရပ်ကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးအတွက် တိုက်တွန်းတောင်းဆိုရန်

အထက်ပါ တွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ အောက်ပါ အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။

(၁) တိုးတက်သော မွန်လူငယ်များ အစည်းအရုံး

(၂) မွန်လူငယ်ဖိုရမ်

(၃) သဘာဝသယံဇာတ ထုတ်ယူသုံးစွဲရေးအပေါ် စီမံခန့်ခွဲရေးအဖွဲ့

(၄) တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး

(၅) ကူကီးကျောင်းသား ဒီမိုကရက်တစ်တပ်ဦး

(၆) ဇိုမီး ကျောင်းသားလူငယ်များ အဖွဲ့အစည်း

(၇) မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့

(၈) ထားဝယ်လူငယ်များအစည်းအရုံး

(၉) ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)

(၁၀) Generation Wave

(၁၁) ပလောင်အမျိုးသမီးအစည်းအရုံး

(၁၂) ကယန်းမျိုးဆက်သစ်လူငယ်

(၁၃) ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားလူငယ်များသမဂ္ဂ

(၁၄) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

(၁၅) လူ့ဘောင်သစ်လူငယ်

(၁၆) အမျိုးသမီးကြယ်စင်တန်း (Women Galaxy)

(၁၇) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)

(၁၈) National Youth Congress

(၁၉) နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းသားများသမဂ္ဂ

(၂၀) သံဖြူဇရပ်မြို့နယ် မွန်လူငယ်အဖွဲ့

(၂၁) မွန်လူငယ်ပညာပေးအဖွဲ့

(၂၂) ဇိုမီးကျောင်းသားများအသင်း (တက္ကသိုလ်များ မြန်မာပြည်)

(၂၃) ချင်းတောင် သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့

(၂၄) ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး

(၂၅) ပအိုဝ်းလူငယ်အစည်းအရုံး

(၂၆) Ethnic Community Development Forum

ဆက်သွယ်ရန်

(၁) မိမရမူ (၀၉၃၁၄၀၇၈၅၀)
(၂) မဖြိုးဖြိုးအောင် (၀၉၄၃၁၆၅၈၄၆)
(၃) ကိုနော်ဆန်း (၀၉၂၅၅၇၂၆၁၇၅)

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , ,

This post is in: Press Release

Related Posts
Myanmar: Release Four “Rohingya Calendar” Political Prisoners
Burma: Rights Priorities for New Government
Myanmar: Scrap or Amend new Law that could Grant Immunity to Former Presidents
Burma Army Moves to Tighten Grip on Power
Sounds of War Taint the Cheers of Election Success