Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ကရင်လူငယ်အစည်းအရုံး၏ (၂၅)နှစ်ပြည့် ငွေရတုပွဲတော် ဂုဏ်ပြုအထိမ်းအမှတ် ကရင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ ထုတ်ပြန်ကြေငြာချက်

By Karen Youth Organization  •  May 23, 2014

ကရင်လူငယ်အစည်းအရုံး၏ (၂၅) နှစ်ပြည့် ငွေရတုပွဲတော် ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနားကို မေလ (၂၀)ရက် နေ့မှ (၂၃)ရက် နေ့အထိ ကရင်ပြည်နယ်၊ ဖားအံ ခရိုင်၊ လော်ခီးလာတွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်၍ ဧည့်ပရိတ်သတ် (၅၆၉) ဦး တက်ရောက်ခဲ့ပါသည်။ ကရင်လူငယ် အစည်းအရုံး၏ (၂၅) နှစ်ပြည့် ငွေရတုပွဲတော် ဂုဏ်ပြုအထိမ်းအမှတ် နှင့် အတူ ကရင်လူငယ် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို မေလ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့ အထိ ၃ ရက်တာ ကျင်းပခဲ့ပါသည်။

ဤ တွေ့ဆုံဆွေးနွေးပွဲသို့ ဒေသအသီးသီးရှိ ကရင်လူငယ် အစည်းအရုံးမှ အဖွဲ့ဝင် များ နှင့် ခေါင်းဆောင်များ၊ ကရင်ကျောင်းသားလူငယ် ကိုယ်စားလှယ်များ၊ ထို့အတူ ကရင်လူငယ်ကွန်ယက် ချိတ်ဆက်မှုဝင် အဖွဲ့အစည်း (၁၂) ဖွဲ့ အပါအဝင် ကိုယ်စား လှယ် စုစုပေါင်း (၂၂၉) ဦး ပါဝင်တက်ရောက် ခဲ့ပါသည်။ ၄င်းပါဝင်သူများ အထဲတွင် ကရင်လူငယ် အစည်းအရုံး၏ အကြံပေး ပုဂ္ဂိုလ်များ၊ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ခေါင်းဆောင်များ၊ ဒေသခံ ကရင်အမျိုးသား ခေါင်းဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်လူမျိုးများ နေထိုင်ရာ အရပ်ဒေသ အသီးသီးရှိ ကရင် လူငယ်များ၏ လက်ရှိ အခြေအနေ၊ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှု များ နှင့် ရှေ့ဆက်တိုးမြင့် လုပ်ဆောင်သင့်သည့် လုပ်ငန်းများ စသည်တို့ကို တိုင် ပင်ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် လက်ရှိ မြန်မာနိုင်ငံရေးနှင့် ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံးမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ကိုလည်း ဝေဖန်လေ့လာသုံး သပ်ခဲ့ကြပါသည်။ လူမျိုးတစ်မျိုး စီတိုင်းတွင် ရှိသင့် ရှိထိုက်သော အမျိုးသားစီမံကိန်း ဆိုင်ရာ ရေးရာများကိုလည်း အထူးဖိတ်ကြားထားသော ခေါင်းဆောင်များ၊ အ ကျိုးတော်ဆောင်များနှင့်အတူ တိုင်ပင်ဆွေးနွေးခဲ့ပါသည်။

အသီးသီးသော တိုင်ပင်ဆွေးနွေးမှုများမှ ကရင်လူငယ်များ၏ ရှေ့ဆက်ပါဝင် လုပ်ဆောင်သင့်သည့် အမျိုးသားရေး အခန်းကဏ္ဍများကိုလည်း ပြန်လည်ဖေါ်ထုတ် လာနိုင်ခဲ့ပါသည်။ လိုအပ်နေသည့် ကရင်လူငယ်များ၏ စွမ်းရည် မြင့်တင်ခြင်းများ ပြု လုပ်ပေးနိုင်ရန်၊ စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်နိုင်မည့် စည်းရုံးရေး လှုပ်ရှားမှုများကို အစဉ်တစိုက် ပြုလုပ် နိုင်ကြရန် ဆွေးနွေးတိုင်ပင် သဘောတူညီ ခဲ့ကြပါသည်။ ကရင့်အမျိုးသား စီမံကိန်း နှင့် ပါတ်သက်၍ ကရင်လူငယ်များအနေဖြင့် ကျရာ အခန်းကဏ္ဍတွင် မည်သို့ ပူးပေါင်း ပါဝင်ဆောင်ရွက်မည်ကို တိုင်ပင်ဆွေးနွေးနိုင်ခဲ့ ပါသည်။

ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ ၏ “စည်းလုံးမှ ညီညွတ်၊ ညီညွတ်မှ မာကျော၊ မာကျောမှ ကျစ်လစ်၊ ကျစ်လစ်မှ ခိုင်မာ၊ ခိုင်မာမှ အောင်မြင်” ဟူသော ဆောင်ပုဒ် ကိုလည်း ဆင်ခြင်နှလုံးသွင်း ခဲ့ကြပါသည်။ ဆွေးနွေးပွဲ တစ်ရပ်လုံး၏ အနှစ်ချုပ် အနေဖြင့် ကရင်လူငယ်များ အနာဂါတ် အမျိုးသားရေးတွင် ဦးဆောင်ဦးရွက်ပြုနိုင်မည့် အမျိုးသား စီမံကိန်းအတွက် ကရင်လူမျိုး၏ ဂုဏ်ဝိသေသ လက္ခဏာများကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပြီး ဆက်လက် သယ်ဆောင်သွားရာတွင် ကရင့်စာပေနှင့် သမိုင်း၊ ကရင့်ဘာသာစကား၊ ယဉ်ကျေးမှု နှင့် အမှတ်အသား၊ ကရင်ပြည်နှင့် အမွေ အနှစ်ဟူသော ခေါင်းစဉ် (၄)ခုကို မဏ္ဍိုင်ပြု၍ လုပ်ငန်း အစီအစဉ်များကို တိုင်ပင် ဆွေးနွေးနိုင်ခဲ့ ကြပါသည်။ အမျိုးသားရေး ပန်းတိုင်ကို တိကျသေချာ သော လမ်းကြောင်းများမှ အရောက် သွားနိုင်ရန်အတွက် ကရင်လူငယ်ထု တစ်ရပ်လုံး ချစ်ခင် ရင်းနှီး၍ စည်းလုံး ညီညွတ်စွာဖြင့် လှမ်းတက်သွားနိုင်ရန် သံဓိဌာန်ချ ခဲ့ပါကြောင်း ကရင် လူငယ်အစည်းအရုံး၏ (၂၅)နှစ်ပြည့် ငွေရတုပွဲတော် ဂုဏ်ပြု အထိမ်းအမှတ် နှင့် ကရင်လူငယ်များ တွေ့ဆုံ ဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာအပ်ပါသည်။

ငွေရတုပွဲတော်ကျင်းပရေးကော်မတီ
ကရင်လူငယ်အစည်းအရုံး
ကော်သူးလေ

ဆက်သွယ်ရန်

၁) စောဂျက်ပစီ၊ ကရင်လူငယ်အစည်းအရုံး၊ ဗဟို။- ၀၈၁ ၀၄၂ ၈၃၉၈၊ ၀၉ ၃၁၆၆ ၅၃၅၃
၂) စောထွန်းထွန်း၊ Youth Circle ။ ၀၉၄ ၂၀၁ ၀၁၁၅၈
၃) နော်ဖေါအယ်၊ မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။  ၀၉၂၅၀၅၇၉၄၀၁

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , ,

This post is in: Press Release

Related Posts
ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်အနားကို ပေးပို့သောကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သဝဏ်လွှာ
FBR’s relationship with the Burma Government and an Assessment of the Current Situation in Burma
Ethnic Communities: Salween Dams are Fueling War and Must be stopped
Statement by Karen Community Based Organizations Welcoming the Release By The International Human Rights Clinic at Harvard Law School of, “War Crimes and Crimes Against Humanity in Eastern Myanmar” It’s Time For Justice
Legal Memorandum: War Crimes and Crimes Against Humanity in Eastern Myanmar