Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ဒုတိယအကြိမ်မြောက် ကချင်အမျိုးသမီးများဖိုရမ်မှ စစ်ပြေးဒုက္ခသည်များနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်

By 2nd Kachin Women Forum  •  December 1, 2013

ကချင်အမျိုးသမီးများ၏ယုံကြည်ချက်သည်နိုင်ငံရေးဆွေးနွေးပွဲနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင်အမျိုးသမီးများနှင့်ပြည်သူလူထု အသံပါဝင်မှ သာလျှင်စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဟု ခိုင်မာစွာလက်ခံထားပါသည်။

သို့ ဖြစ်ပါ၍၂၀၁၃ခု၊နိုဝင်ဘာလ၊(၂၈)ရက်မှ (၃၀)ရက်အတွင်း ကချင်အမျိုးသမီးအဖွဲ့ အစည်းများသည် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင်အမျိုးသမီးများပါဝင်နိုင်ရန်ရည်ရွယ်လျက် ဒုတိယအကြိမ်မြောက်ဖိုရမ် ပြုလုပ်ရာ၌ အောက်ပါတောင်းဆိုချက်များကို ထုတ်ပြန်ကြေငြာအပ်ပါသည်။

စစ်ပြေးဒုက္ခသည်များပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ သဘောထားများ

၁) တိုက်ပွဲများ ချက်ခြင်းရပ်ပေးရန်

၂) ရှေ့တန်း စစ်တပ်အင်အားဖြည့်တင်းမှုများချက်ခြင်းရပ်ဆိုင်းပေးရန်နှင့် စစ်တပ်စခန်းများကို ချက်ခြင်းဆုတ်ခွါပေးရန်

၃) မြေမြုပ်မိုင်းများအမြန်ဆုံးရှင်းလင်းပေးရန်

၎) စစ်ပြေးဒုက္ခသည်စ ခန်းနေပြည်သူများအားပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး ဖော်ဆောင်ပေးရန်

၅) စစ်ပြေးဒုက္ခသည်ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍လုပ်ငန်းစဉ်များဖော်ဆောင်ခြင်း၊ဆုံးဖြတ်ချက်ချခြင်းစသည့် အခန်းကဏ္ဍများတွင် အမျိုးသမီး ကိုယ်စားလှယ်များထည့်သွင်းရန်

၆) စစ်ပြေးဒုက္ခသည်စခန်းနေပြည်သူများ၏ဆန္ဒလုံးဝမပါဘဲ အတင်းအကြပ်ပြန်လည်ပို့ ဆောင်ခြင်း မလုပ်ရန်

၇) နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ပြေးဒုက္ခသည်များအတွက်စံပြကျေးရွာများဆောက် လုပ်မှုတွင်ကူညီမှုများမပြုဘဲစစ်မှန်သောငြိမ်း ချမ်းရေးဖော်ဆောင် နိုင်ရန်အစိုးရနှင့် သက်ဆိုင်ရာခေါင်းဆောင်များကိုသာ တိုက်တွန်းပေးရန်

၈) အမျိုးသမီးများကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျုးလွန်မှုများလုံးဝရပ်တန့် ရန်

ဆက်သွယ်ရန်

၁)နန်ပူ (၀၉-၇၃၁-၉၃၂-၈၈)
၂)မိုင်းမိုင်း(၁၅၃-၀၈၈-၂၉၅-၄၄)
၃)ရွယ်ဆိုင်း(၁၅၃-၆၈၉-၅၃၇-၅၀)

Tags: , , ,

This post is in: Peace and National Reconciliation, Press Release

Related Posts
Burma Army Displays Blatant Disregard for 21st Century Panglong Peace Process
On Union Day, Reappraisal of the Peace Process is Needed
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ထုတ်ပြန်ကြေညာချက်
Time for the Government to Accept the Reality of Human Rights Problems, Take Effective Measures and Move Forward
Kachin Region: War Torn Displaced Village Profiles