Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်း

By 8888 Silver Jubilee  •  August 12, 2013

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားသို့ တက်ရောက်လာသော  ပြည်တွင်း၊ ပြည်ပ၊ နယ်စပ် အသီသီး ရှိ ၈၈ မျိုးဆက်အင်အားစုများ၊ ဒီမိုကရေစီပါတီများ၊ တိုင်းရင်းသားပါတီများနှင့် လက်နက်ကိုင် အင်အားစုများ၊  လူထုအခြေပြုအင်အားစုများနှင့် မျိုးဆက်သစ်လူငယ်အင်အားစုများ၊ လယ်သမား၊ အလုပ်သမား များအပါအဝင် အလွှာစုံပြည်သူများသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၆ ရက်၊ ၇ ရက်နေ့များတွင် စုစည်းညီညွတ်စွာ တွေ့ဆုံ၍ ဆွေးနွေး၍ ဤရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းကို ထုတ်ပြန် ကြေညာလိုက်သည်။

၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည် ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်။

၂။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်း လဲရန် သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်သည်ဟု အလေးအနက်ခံယူသည်။

၃။ ထိုသို့ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန်လိုအပ်သည်ဟု အလေးအနက် ခံယူသည်။

ဤသို့ ခံယူသည်နှင့်အညီ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ မပြီးဆုံးသေးသောတာဝန်များကို ဆက်လက်ထမ်းရွက်သွားမည်ဟု ထုတ်ပြန် ကြေညာလိုက်သည်။

Tags: , , , ,

This post is in: Press Release

Related Posts
CSOs Forum Statement on Upcoming Multi-party General Elections
Thein Sein, Shwe Mann, Should Reveal 1988 Role and Military History
AAPP’s Statement Regarding the Death of Freelance Journalist Aung Kyaw Naing, aka Par Gyi
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ကြေညာချက်အမှတ်-၁၀ / ၀၉ / ၂၀၁၄
President Thein Sein Should Reveal Role in 88 Massacre