Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ထားဝယ်မြို့၌ပထမဆုံးအနေဖြင့်လယ်သမားတစ်ယောက်ထောင်ဒဏ်ချမှတ်ခံရ

By Tavoy Farmer Network  •  August 30, 2013

U San Lin, a farmer from Wel Kyun Htain Quarter of Dawei, was sentenced one month imprisonment and fined 200 kyat on 26 August 2013 under Land and Taxation Law article (0). U San Lin is the first farmer in Dawei to be sentenced to prison for refusing to take compensation and move out of his farming land which was confiscated by Dawei Development Public Co.,Ltd. U San Lin was sued by U Kyaw Swe, Governor of Dawei Province.

————————————————————————————————————————————————————————————

ထားဝယ်မြို့နယ် ၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက် ၊ကမြောကင်းလမ်း ၊ ကမြောကင်းတံတားနံဘေး၌ လက်ရှိလယ်  စိုက်ပျိုးလျှက်ရှိသောလယ်သမား ဦးစံလင်းအား ထားဝယ်ခရိုင်အုက်ချုပ်ရေးမှူး ဦးကျော်ဆွေ မှ ၁၈၇၆ ခုနှစ်   မြေယာနှင့် အခွန်တော်ဥပဒေ ပုဒ်မ (ဏ ) ဖြင့်တရားစွဲဆိုကာ၂၆.၈.၂၀၁၃ (တနင်္လာနေ့)တွင်ဒဏ်ငွေ (၂၀၀)   နှင့်ထောင်ဒဏ်(၁)လကိုထားဝယ်မြို့နယ်တရားသူကြီး ဦးထွန်းလင်းမှချမှတ်ခဲ့သည်။

ဦးစံလင်းသည်ထားဝယ်ခရိုင်အတွင်း တရားမျှတမှုမရှိသည့် လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်၍ ပထမဆုံးထောင်ကျခံရသော လယ်သမားပေါ့လို့သမီးဖြစ်သူ မရွှေစင်ယု မှပြောကြားသည်။ ထားဝယ်အများ ပိုင်ကုမ္ပဏီ ကလယ်မြေကိုသိမ်းတယ်မူလပိုင်ရှင်ဆိုတာရှိပေမယ့် ကျွန်မအဖေကိုသူကိုယ်တိုင်လယ်မလုပ်နိုင်လို့  လယ်လုပ် ပိုင်ခွင့်ကိုလွန်ခဲ့တဲ့(၄)နှစ်ခန့်လောက်ကတည်းက လွှဲပြောင်းပေးထားပြီးကျွန်မတို့တစ်မိသားစုလုံးဒီ   လယ်ကို စိုက်လာခဲ့တာပတ်ဝန်းကျင်ကလယ်သမားတွေအကုန်လုံးလည်းအသိဘဲ ကျွန်မတို့ ဘာလျှော်ကြေးမှ မယူ ထားတော့ထွက်ပေးစရာလည်းမလိုဘူး သူတို့ပေးတဲ့လျှော်ကြေးဆိုတာကျွန်မတို့ဘ၀အတွက်ဘာအာမခံ ချက် မှမရှိဘဲ ၊ လယ်သမား လယ် ပျောက်ရင် ထမင်းငတ်မှာပေါ့၊ အခုတော့ကုမ္ပဏီကလယ်ကိုမတရားသိမ်းချင်တယ်   ကျွန်မတို့ကအသိမ်းမခံဘူး ကုမ္ပဏီကိုပေးချင်တော့ခရိုင်အုပ်ချုပ်ရေးမှူးက တရားစွဲတယ် ကျွန်မအဖေထောင် ကျတယ် ကောင်းပါတယ် ကျွန်မအဖေက ထားဝယ်မြို့ရဲ့ စံပြလယ်သမား ဖြစ်သွားတာပေါ့  ဟုမရွှေစင်ယု မှဆက် လက်ပြောကြားခဲ့သည်။

ဦးစံလင်းအားထောင်ချခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ထားဝယ်လယ်သမားများမှလည်းသဘော  မတူကန့် ကွက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး လယ်သမားများ၏ဂုတ်သွေးစုတ် အမြတ်ထုတ်တဲ့ ထားဝယ်အများပိုင်ကုမ္ပဏီ အားထားဝယ်ခရိုင်အတွင်းရှိလယ်သမားများအနေဖြင့် ထားဝယ်လယ်သမားများသမိုင်း၏ ကုမ္ပဏီဆိုးအဖြင့်သတ်မှတ်ကာ ထားဝယ်ခရိုင်အတွင်းရှိ လယ်သမားမိသားစုဝင်တိုင်း၏ သမိုင်းတာဝန်တစ်ရပ်ပမာ စဉ်ဆက်မပြတ်သပိတ် မှောက်သွားနိုင်သည်အထိ စည်းရုံးသွားမည်၏ ဟု ထားဝယ် လယ်သမားများ အစည်းအဝေးမှထုတ်ပြန်ကြေငြာခဲ့ သည်။

(၂၇.၈.၂၀၁၃)အင်္ဂါနေ့တွင်ဦးစံလင်းအားဂုဏ်ပြုသည့်အနေဖြင့် လက်ရှိဦးစံလင်း၏လယ်မြေ၌ဦးစံလင်း  စိုက်ပျိုးရန်ကျန်နေသောလယ်ကွက်များ၌ဦးစံလင်း၏မိသားစု လယ်သမားများနှင့်အတူ စပါးစိုက်ပျိုးကြမည်၏ဟုလယ်သမားများထံမှ သိရပါသည်။

Tags: , , ,

This post is in: People's Voices

Related Posts
New Report Exposes the Continued Ineffectiveness of the Myanmar National Human Rights Commission
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ နှင့် ကရင်အမျိုးသားအစည်းအရုံး ပူးတွဲကြေညာချက်
ASEAN Peoples’ Forum 2014 Representatives Meet with ASEAN Affairs Department of Ministry of Foreign Affairs of Myanmar to Prepare for an Interface Meeting with ASEAN Leaders
ထားဝယ်တောင်သူလယ်သမားများ ဆန္ဒထုတ်ဖော်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်
Statement on Child Soldier