Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် သတင်းထုတ်ပြန်ချက်

By မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်  •  September 24, 2012

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ (International Day of Peace)

ယနေ့သည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်သည့်အားလျှော်စွာ မြန်မာပြည်သူ ပြည်သားအားလုံး စစ်မှန်၍ အရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ကို အမြန်ဆုံးရရှိခံစားနိုင်ရန် ဆန္ဒပြုအပ်ပါသည်။

၁၇.၉.၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား စုစုပေါင်း (၅၁၄) ဦးလွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား (၈၈) ဦးသာပါဝင်ခဲ့ဟု သတင်းများအရ သိရှိရသည်။ ယခုဆိုလျှင် အင်းစိန်အကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင် တို့တွင် နိုင်ငံရေးအကျဉ်းသားအများဆုံးကျန်ရှိနေပြီး အခြားအကျဉ်းထောင် အသီးသီးတွင်လည်း ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများထံမှ သိရှိရပါသည်။

ယခုဆိုလျှင် သာယာဝတီအကျဉ်းထောင်တွင် ၂၀၀၈ ခုနှစ်က ဖမ်းဆီးထောင်ချထားခြင်းခံရသော နိုင်ငံရေးအကျဉ်းသား ကိုအေးမင်းနိုင် နှင့် အမှုတွဲ ၆ ဦးသည် တစ်ဦးတစ်ယောက်မျှပြန်လည် လွတ်မြောက်လာခြင်းမရှိပါ။ ပုဒ်မ ၁၇/၁၊ ၁၃/၁၊ ၁၉/က၊ ၄/ က-ခ ( ဖောက်ခွဲမှု)၊ ဖောက်ခွဲ (၃) စသောပုဒ် မများဖြင့် ကိုအေးမင်းနိုင်၊ မစန်းစန်းမော်၊ ကိုကျော်စွာမင်း တို့အား ထောင်ဒဏ် (၆၈)နှစ်၊ ဒေါ်ခင်ရီ အား ထောင်ဒဏ် (၆၅) နှစ်၊ ကိုထက်ကိုလွင် အား ထောင်ဒဏ် (၆၂)နှစ်၊ ကိုကျော်ဇင်ဦး နှင့် ကိုဇော်လွင် တို့အား ထောင်ဒဏ် (၅၅) နှစ် အသီးသီးစီရင်ခဲ့သည်။ ထိုစီရင်ချက်များသည် မှန်ကန်မှု မရှိကြောင်း ဒေါ်ခင်ရီမှာ အသက် ၆၀ ကျော်ဖြစ်၍ ကျန်းမာရေးလည်းအခြေအနေမှာ မကောင်းလှကြောင်း မိသားစုများ ထံမှသိရှိရပါသည်။

နိုင်ငံတော်သမ္မတကြီးအနေဖြင့် အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ အားလုံးအား ချွင်းချက်မရှိပြန် လွှတ်ပေးခြင်းဖြင့် မိမိတို့ စေတနာမှန်ကို ပြသရန်လည်း တိုက်တွန်းအပ်ပါသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ( PPFBN ) သည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့ကို ရှေ့ရှုလျှက် ရပ်တည်ဆောင်ရွက်နေပါသည်။ သို့ပါသောကြောင့် စစ်မှန်သောအမျိုးသား ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးအတို့အတွက် အကျဉ်းထောင် အသီးသီးတွင်ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား အားလုံးအား ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးပါရန် တောင်းဆိုပါသည်။

နိုင်ငံအတွင်းဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရာတွင် တပ်မတော်သားညီအကိုများ ကိုသော်လည်းကောင်း တိုင်းရင်းသားမောင်နှမ များကိုသော်လည်းကောင် ထိခိုက်နာကျင်မှုတစ်စုံတရာမရှိ၍ စေတနာမှန်မှန် ပွင့်လင်းမြင်သာသော နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြ ရန် တောင်းဆိုအပ်ပါသည်။

 နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

ဤသတင်းထုတ်ပြန်ချက် PDF ဖိုင် ရယူရန်

Tags: , , , ,

This post is in: Press Release

Related Posts
New Report Exposes the Continued Ineffectiveness of the Myanmar National Human Rights Commission
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ နှင့် ကရင်အမျိုးသားအစည်းအရုံး ပူးတွဲကြေညာချက်
ASEAN Peoples’ Forum 2014 Representatives Meet with ASEAN Affairs Department of Ministry of Foreign Affairs of Myanmar to Prepare for an Interface Meeting with ASEAN Leaders
ထားဝယ်တောင်သူလယ်သမားများ ဆန္ဒထုတ်ဖော်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်
Statement on Child Soldier