Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်စဉ်မှစ၍ လှုပ်ရှားမှုများ

By Burma Partnership  •  June 18, 2011

“လိုချင်တာကို လိုချင်နေရုံနဲ့တော့ ရမှာမဟုတ်ဘူး။ လိုချင်ရင် ရအောင်ယူတတ်ရမယ်။” ဒေါ်အောင်ဆန်းစုကြည်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အစိုးရမှ နိုဝင်ဘာလ ၁၃ရက် ၂၀၁၀ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်မှ ချွင်းချက်မရှိ လွှတ်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဤနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာချိန်မှစ၍ ဒီမိုကရေစီ အရေးအတွက် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝန်းမှ သူမနှင့်အတူ ပူးပေါင်းပါဝင် ကြိုးစားကြရန် နှိုးဆော်ပြီး အဓိက ဦးစားပေး လုပ်ငန်းအဖြစ် လုပ်ဆောင်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ကိုယ်စားလှယ် ဂျွန်မက်ကိန်း၊ ဂျိုးဇက်ယွန်၊  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ  အစရှိသည့် အရေးပါသော ပုဂ္ဂိုလ်များနှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာတဝန်းရှိ နိုင်ငံခေါင်းဆောင် များနှင့်လည်း အခြားသောနည်းလမ်းများဖြင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များနှင့် ဆက်သွယ်ရေး နည်းပညာတိုးတက်လာရေး တို့အပေါ်လည်း အားပေးတိုက်တွန်းခဲ့သည်။ လူငယ်များနှင့် ကိုယ်တိုင်တွေ့ဆုံကာ အမျိုးသားလူငယ်ကွန်ယက် ကဲ့သို့သော လူငယ်ကွန်ယက်များ ဖြစ်ပေါ်လာစေရန် တိုက်တွန်း ကြိုးပမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများထဲတွင် လူမှုရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် သဘာဝဘေးအန္တရာယ် ကျရောက်နေသူများအရေး၊ လယ်သမားများအရေး အမျိုးသမီးများအရေးနှင့် ပညာရေး လုပ်ငန်းများကို ကိုယ်တိုင်လုပ်ဆောင်ရုံမျှသာမက တခြားလုပ်ဆောင်နေသူများ၊ အဖွဲ့အစည်းများကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သည်။ ထို့အပြင် ပြည်သူလူထုများနှင့် ပိုမိုရင်းနှီးနွေးထွေးစွာ ဆက်သွယ်ဆွေးနွေးနိုင်ရန်လည်း မကြာမီကာလအတွင်းတွင် မြန်မာပြည်တဝန်း ခရီးထွက်ရန် စီစဉ်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူလူထုကြီးအား အကြမ်းမဖက် တိုက်ပွဲဝင်ရန်၊ ဒုတိယအကြိမ် ပင်လုံညီလာခံဖြစ်မြောက်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပါဝင်လုပ်ဆောင်ကြရန်၊ မိမိနိုင်ငံအရေးသည် မိမိအရေးပင်ဖြစ်သည့်အလျောက် မိမိအရေးအတွက် ကိုယ်တိုင် မားမားမတ်မတ် ရင်ဆိုင်ကြရန် မှာကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့သည် နေအိမ်အကျုပ်ချုပ်မှ လွှတ်မြောက်ပြီး ပထမဆုံးအကြိမ်အနေဖြင့် လွတ်လပ်စွာ ကျင်းပနိုင်သည့် မွေးနေ့တနေ့ဖြစ်သည်။ ပြည်တွင်း၊ပြည်ပ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ သူမကို လေးစားချစ်ခင်သူများ အားလုံးက ဓတ်ပုံပြပွဲများ၊ သွေးလှူပွဲများ၊ ဆွမ်းကပ်တရားနာပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ၊ ဈေးရောင်းပွဲတော်များ စသည်တို့ဖြင့် ဂုဏ်ပြုကျင်းပကြမည် ဖြစ်သည်။

အထက်ပါဘလော့စာမျက်နှာကို ပြန်လည်ကူးယူ ဖြန့်ဝေရလွယ်သော တစ်မျက်နှာစာ PDF ပုံစံဖြင့် ဤနေရာတွင်နှိပ်၍ ရယူနိုင်ပါသည်။

Tags: , ,

This post is in: Blog

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Burma Army Displays Blatant Disregard for 21st Century Panglong Peace Process
Ann Din Coal Power Plant: Local Movement and Action to Preserve and Protect Natural Resources and Land: Mon IDP Report Case Study #4
Latest Human Rights Abuse Case Demonstrates Urgent Need to Reform the Myanmar National Human Rights Commission
Human Rights Far From Guaranteed as US Sanctions on Burma Are Removed