Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မတရားဆုံး မတရားမှုများ – ၂၀၁၀ ရွေးကောက်ပွဲ

By Forum for Democracy in Burma  •  January 31, 2011

၂၀၁၀ ရွေးကောက်ပွဲ၏ မသမာမှုများကို ဖော်ထုတ်ဖွင့်ချ စုစည်းတင်ပြထားသော အစီရင်ခံစာတစောင်ကို “မတရားဆုံး မတရားမှုများ” အမည်ဖြင့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုများမှ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

စာမျက်နှာ (၉၄) မျက်နှာပါ ဤအစီရင်ခံစာတွင် အခန်း (၁၂) ခန်းခွဲ၍ အချက်အလက် အထောက်အထား အပြည့်အစုံဖြင့် စနစ်တကျ ဖော်ပြထားသည်။ နအဖစစ်အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ ကြံ့ဖွံ့ပါတီနှင့် အဆင့်ဆင့်သော အာဏာပိုင်များမှ မဲဆန္ဒရှင် ပြည်သူများကိုလည်းကောင်း၊ ယှဉ်ပြိုင်ဘက် နိုင်ငံရေးပါတီများကိုလည်းကောင်း နည်းသဏ္ဌန်မျိုးစုံသုံး၍ ညစ်ပတ်ခဲ့ပုံ၊ မလျော်ဩဇာသုံးပြီး ဖိအားပေး အကြပ်ကိုင်ခဲ့ပုံ၊ ကြံ့ဖွံ့ပါတီ အနိုင်မရရအောင် တရားမဲ့စွာ ဆောင်ရွက်ခဲ့ပုံများကို အတိအလင်း ထောက်ပြထားပါသည်။

ထို့အပြင် ရွေးကောက်ပွဲတခု၏ လွတ်လပ်မှုနှင့် တရားမျှတမှု ရှိမရှိကို တိုင်းတာသည့် နိုင်ငံတကာစံနှုန်း (၁၆) ချက်ကို ဤအစီရင်ခံစာတွင် ဖော်ပြထားပြီး နအဖစစ်အစိုးရမှ ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၎င်းစံနှုန်းများအနက် တချက်နှင့်မျှ မကိုက်ညီကြောင်း ထောက်ပြထားပါသည်။ ထိုရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သည့် ယနေ့ခေါ်ယူနေသော လွှတ်တော်များမှာလည်း တိုင်းပြည်၏ လက်ရှိအကြပ်အတည်းများကို ဖြေရှင်းပေးနိုင်မည့် အခြေအနေ လုံးဝကင်းမဲ့နေကြောင်းကို အစီရင်ခံစာတွင် အချက်အလက်များဖြင့် ထောက်ပြထားပါသည်။

အစီရင်ခံစာအဆုံးတွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ဆက်လက်ဆန့်ကျင် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ဖေါ်တင်ပြ ပြောဆိုထားပါသည်။

အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ရယူပါ။

Tags: , , , , , ,

This post is in: 2010 Elections

Related Posts
Myanmar: Release Four “Rohingya Calendar” Political Prisoners
Burma: Rights Priorities for New Government
Myanmar: Scrap or Amend new Law that could Grant Immunity to Former Presidents
Burma Army Moves to Tighten Grip on Power
Sounds of War Taint the Cheers of Election Success