Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

အာဆီယံမြန်မာပိုင်းဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှုး ဦးအောင်မျိုးမင်းအားRFA မှတွေ့ဆုံမေးမြန်းခြင်း

Originally appeared in RFA

March 26, 2010

(The following is a transcription of an audio recording.)

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားတွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ် မှုတွေကို အလေးထား ဆွေးနွေးဘို့အတွက် အာဆီယံလူ့အခွင့်အရေးကောင်စီကို အာဆီယံမြန်မာ ပိုင်းဆိုင်ရာ အလုပ်အဖွဲ့က နေပြီးတော့ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ အာဆီယံ လူ့အခွင့်အရေးကောင်စီဟာ ပထမဦးဆုံး တရားဝင် အစည်းအဝေးကို လာမယ့်မတ်လ (၂၈)ရက်နေ့ကနေ ဧပြီလ (၁)ရက်နေ့အထိ ဂျကာတာမြို့တော် မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးဘို့အတွက် အခုလိုမျိုး တိုက်တွန်းရတာ ဖြစ် တယ်လို့ အာဆီယံမြန်မာပိုင်းဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှုး ဦးအောင်မျိုးမင်းက ပြောပါတယ်။

သူတို့စတင်ပြီးတော၊ လည်ပတ်ပြီးတော့ လုပ်ငန်းလုပ်ဆောင်တဲ့အချိန်မှာဘဲ့ မြန်မာနိုင်ငံထဲ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ဖြစ်နေတယ်။ ဒါကို ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့် တကယ်စစ်မှန် ကောင်းမွန်တဲ့ ကော်မရှင်တရပ်ဖြစ်တယ်ဆိုတာ သက်သေပြပါလို့ တိုက်တွန်းလိုတဲ့ အတွက် အခုလိုမျိုး ကျနော်တို့ တိုက်တွန်းချက်တွေ ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး စေခိုင်းမှုတွေ၊ အမျိုးသမီးတွေအပေါ်မှာ အဓမ္မပြုကျင့်မှု တွေ၊ ကလေးစစ်သားအသုံးပြုမှုစတဲ့ Crime against Humanity လို့ခေါ်တဲ့ လူသားထုတရပ်လုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပေါ်ပေါက်နေတဲ့အကြောင်း၊ ဒီအချက်တွေကို ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းသွားခဲ့ကြောင်း အာဆီယံ မြန်မာပိုင်းဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ကြေငြာ ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အလေးထား အကောင် အထည်ဖော်ဘို့အတွက် အာဆီယံလူ့အခွင့်အရေးကောင်စီမှာ တာဝန်ရှိတယ်လို့ ဦးအောင်မျိုးမင်း က ပြောပါတယ်။

ဒီမစ္စတာကွင်းတားနားရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ အများအပြားရှိနေတဲ့အထဲမှာ လူသားမျိုးနွယ်စုတခုလုံးကို ထိခိုက်စေတဲ့ Crime against Humanity ဆိုတဲ့ အချက်အလက်တွေ၊ ဖြစ်ပျက်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိ တယ်။ ဒါကြောင့်မို့လို့ စုံစမ်းစစ်ဆေးမှုကော်မရှင်တရပ်ကို ဖွဲ့ပြီး လုပ်ဆောင်ပေးပါလို့ ကုလသမဂ္ဂကို သူတို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံကလည်း အာဆီယံရဲ့ အဖွဲ့ဝင်တရပ် ဖြစ်တယ်။ မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့ ဒီလိုမျိုး အရေးယူဆောင်ရွက်ဘို့အတွက် အခုပေါ်လာတဲ့ လူ့အခွင့်အရေးကော်မရှင်မှာလည်း ကျနော်တို့ အများကြီး တာဝန်ရှိနေတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဒေသတွင်း နိုင်ငံတွေကို ခြိမ်း ခြောက်၊ ထိခိုက်မှုတွေ ရှိတာကြောင့် အာဆီယံလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ဆောင်ရွက်သင့်တယ်လို့ အာဆီယံ မြန်မာပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းဆောင်ရွက် ရေးမှုး ဦးအောင်မျိုးမင်းက ဆက်ပြီး ပြောသွားပါတယ်ခင်ဗျား။

Tags:

This post is in: News Clip

Related Posts
New Report Exposes the Continued Ineffectiveness of the Myanmar National Human Rights Commission
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ နှင့် ကရင်အမျိုးသားအစည်းအရုံး ပူးတွဲကြေညာချက်
ASEAN Peoples’ Forum 2014 Representatives Meet with ASEAN Affairs Department of Ministry of Foreign Affairs of Myanmar to Prepare for an Interface Meeting with ASEAN Leaders
ထားဝယ်တောင်သူလယ်သမားများ ဆန္ဒထုတ်ဖော်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်
Statement on Child Soldier