Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်အနားကို ပေးပို့သောကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သဝဏ်လွှာ

By Karen National Union  •  August 18, 2016

ကရင်သက္ကရာဇ် ၂၇၅၅ ခုနှစ်၊ လါးခု လပြည့်နေ့၊ ယနေ့ ဝါခေါင်လပြည့်(၁၅)ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့သည် ကရင်အမျိုးသား၏ ကရင့်ရိုးရာချည်ဖြူဖွဲ့ကျင်းပသောနေ့ဖြစ်ပါသည်။ ဤဝါခေါင်လ ကရင်ရိုးရာချည်ဖြူပွဲမင်္ဂလာအခါသမဝတွင် ကရင်တစ်မျိုးသားများအားလုံး ကရင်အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်ခမ်သိမ်း ကင်းဝေးစေလိုကြောင်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးမှ ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ချည်ဖြူဖွဲ့မင်္ဂလာ ဝါခေါင်လ လက်ချည်ပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမူပွဲတော်တစ်ခုဖြစ်သည်။ ချည်ဖြူဖွဲ့မင်္ဂလာ ဝါခေါင်လ လက်ချည်ပွဲတော်သည် ယ္ခုခေတ်ကာလမှ ပေါ်ပေါက်လာသော ယဉ်ကျေးမူမဟုတ်ဘဲ ကရင်လူမျိုးတို့နှင့်အတူ ဘိုးစဉ်ဘောင်ဆက်ပါရှိလာသည့် ကရင်အမျိုးသားများ၏ ရိုးရာယဉ်ကျေးမူ ဓလေ့ထုံးတမ်းတခုဖြစ်သည်။ ချသည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ဝါခေါင်လပြည့်နေ့တွင် ကျင်းပပြုလုပ်သည်ဖြစ်၍ ဝါခေါင်လက်ချည်ပွဲဟုလည်းခေါ်သည်။ ကရင်အမျိုးသား ရိုးရာယဉ်ကျေးမူ ချည်ဖြူမင်္ဂလာလက်ချည်ဖွဲ့မင်္ဂလာလက်ချည်ပွဲသသည် နေရာအနှံ့အပြားတွင် ရောက်ရှိနေကြသော ကရင်အမျိုးသားမိသားစုဝင်များ၊ ဆွေမျိုးသားချင်းများတို့မှ ပြန်လည်စုစည်းပြီး အတူတကွပျော်ရွှင်စွာ လက်ချည်ပေးခြင်းအားဖြင့် မိသားစု၊ ဆွေမျိုးသားချင်းများ နှင့် ဝေးကွာနေကြသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ(ရုပ်၊နာမ်)နှစ်ခုစလုံးကို ပြန်လည်စုစည်းပေါင်းစပ်ပေးပြီး မိမိလူမျိုး၊ မိသားစုများ ဆွေမျိုးသားချင်းများနှင့်အတူ ရုပ်နာမ်အရအတူတကွပြန်လည်ရှိနေခြင်း၊ မျိုးချစ်စိတ်နှင့်စည်းလုံးညီညွှတ်မူအတွက် ဖော်ထုတ်လုပ်ဆောင်ပေးသည့် အနှစ်သာရရှိသော ပွဲတော်တရပ်ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ပြည်တွင်းပြည်ပ နေရာအနှံ့ အပြားတို့တွင် ရောက်ရှိနေထိုင်ကြသော ကရင်အမျိုးသားများတို့အနေဖြင့် ကရင်ရိုးရာလက်ချည်ပွဲတော်ကို မိမိတို့၏ ထုံးတမ်းဓလေ့ ယဉ်ကျေးမူပွဲတော် တရပ်အနေဖြင့် စုစုစည်းစည်း စုပေါင်းဖော်ထုတ်ပြသ၍ ထိန်းသိမ်းလုပ်ဆောင်သွားရမည်ဖြစ်သည်။

ဤဂုဏ်ပြုချည်ဖြူဖွဲ့လက်ချည်ပွဲနေ့တွင် ပြည်တွင်းပြည်ပရှိ ကရင်လူမျိုးများအားလုံးစုစည်းပြီး မိမိတို့၏ရိုးရာဖြစ်သောချည်ဖြူဖွဲ့ လက်ချည်ပွဲကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် ကရင်လူမျိုးမှပေါက်ဖွားလာသည်ဟု ခံယူသူကရင်အမျိုးသားများသည် ယ္ခင်မိဘဘိုးဘွားများပြုလုပ်ဆောင်ရွက်ခဲ့ကြသည့်အတိုင်း နေရာဒေသအလိုက် စုစည်းကြပြီး ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခြင်းဖြင့် မိမိတို့သည် ကရင်တမျိုသားထဲမှ မွေးဖွားလာခဲ့ကြသည့် ကရင်လူမျိုးအဖြစ် အသိမှတ်ပြုခံသူရင်းတစိတ်တဝမ်းတည်းရှိခြင်းအား ချစ်ခြင်းမေတ္တာ ဖြင့် ထုတ်ဖော်ပြသ ဖော်ဆောင်စေဖြင်းသည် စည်းလုံးညီညွှတ်မူ၏ လက္ခဏာတရပ်ဖြစ်ပေသည်။

လါးခု ကရင်ရိုးချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားတွင် ပါဝင်အသုံးပြုသည့် ပစ္စသည်း(၇)မျိုးဖြစ်ကြသော ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ဌက်ပျောသီး၊ ကြံ၊ ပန်း၊ ရေ နှင့် ချည်ဖြူ တို့သည် ကရင်အမျိုးသားတို့၏ရှိခဲ့ကြသည့် အမျိုးသားလက္ခဏာရပ်များ ဖြစ်သောစည်းလုံးညီညွှတ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ စိတ်ဆန္ဒပြင်းပြခြင်း၊ ဇွဲရှိခြင်း၊ ကြိုးစားခြင်း၊ ရဲရင့်ခြင်း၊ မျိုးချစ်စိတ်ရှိခြင်း၊ အမှန်တရားရှိခြင်း၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မူရှိကြခြင်းနှင့် ငြိမ်းချမ်းရေးကို ချစ်ခင်မြတ်နိုးခြင်းတို့ဖြစ်သည်။

မိမိတို့သည် လူမျိုးတမျိုးဖြစ်သည်နှင့်အညီ လူမျိုးတမျိုး၏ဂုဏ်သိက္ခာ၊ ရိုးရာယဉ်ကျေးမူ၊ ဓလေ့ထုံတမ်းများကို လူမျိုးတဦးချင်း စီတိုင်းတို့မှ ချစ်ခင်မြတ်နိုးတန်ဘိုးထားပြီး အစဉ်ခိုင်ခန့်တည်မြဲစွာရှိနေစေရန်အတွက် ထိန်းသိမ်းလိုစိတ် ရှိနေခြင်းကို စုပေါင်းဖော်ထုတ်ပြသခြင်းလည်းဖြစ်သည်။ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ဘာသာရေးကိုအခြေခံသောပွဲတော်မဟုတ်ပါ။ ကရင်အမျိုးသားများနှင့် ဆက်နွယ်ပက်သက်လ်ာသည့် စည်းလုံးညီညွှတ်မူနှင့်ပူးပေါင်းဆောင်ရွက်မူကိုအခြေခံသော ရိုးရာယဉ်ကျေမူဓလေ့ထုံတမ်းတရပ်ဖြစ်သည်။ ထိုသို့သောယဉ်ကျေးမူကို ဖော်ထုတ်လုပ်ဆောင်ခြင်းသည် မိမိတို့၏ လူမျိုးဂုဏ်သိက္ခာအားအမှန်တကယ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကရင်အမျိုးသားထုတရပ်လုံး၏ အမျိုးသားရေးအသိစိတ် အပြည့်အဝ ရရှိကြစေရန်နှင့် မိမိတို့လိုလားတောင့်တသော မျှော်လင့်ချက်များ၊ မျော်မှန်းချက်များ၊ လိုအင်ဆန္ဒများပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုရင်းဖြင်ံ ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး

ဗဟိုဌာနချုပ်

 

ယင်းသဝဏ်လွှာကို ဤနေရာတွင် ရယူနိုင်သည်။

Tags: , ,

This post is in: Press Release

Related Posts
FBR’s relationship with the Burma Government and an Assessment of the Current Situation in Burma
Ethnic Communities: Salween Dams are Fueling War and Must be stopped
Statement by Karen Community Based Organizations Welcoming the Release By The International Human Rights Clinic at Harvard Law School of, “War Crimes and Crimes Against Humanity in Eastern Myanmar” It’s Time For Justice
Legal Memorandum: War Crimes and Crimes Against Humanity in Eastern Myanmar
Joint Statement of Karen Women’s Groups in Support of the Reunification of the Kawthoolei Armed Forces (KAF)