Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

လားရှိုးမြို့နယ် မိုင်းယော်ဒေသခံများအား သတ်ဖြတ်ခဲ့သည့် မြန်မာ့ တပ်မတော်၏အကြမ်းဖက်လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချသည့် သဘောထားထုတ်ပြန်ချက်

By Palaung State Liberation Front  •  July 3, 2016

၂၅ ရက်နေ့ ဇွန်လ ၂၀၁၆ ခုနှစ်တွင် လားရှိုးမြို့နယ် မိုင်းယော်ဒေသခံရွာသား ၇ ဦး အား ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် မြန်မာ့တပ်မတော်၏ အကြမ်းဖက်လုပ်ရပ်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F /T.N.L.A မှ အပြင်းအထန်ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

ထိုနေ့တွင် မြန်မာ့တပ်မတော်တပ်ဖွဲ့များသည် မိုင်းယော်မြို့အနီး ပြောင်းဖူးခြံလုပ်ငန်းလုပ်ကိုင်နေသည့် မန်ကစ်နှင့်မန်တပ်ရွာသားများအားဖမ်းဆီးခဲ့ပြီး၊ ဆိုင်ကယ်စီးသူရွာသားနှစ်ဦးကို ပစ်ခတ်လိုက်သဖြင့် ထိုနေရာတွင်ပင် သေဆုံးသွားကြောင်း ဖမ်းဆီးခံရွာသားများက ပြောကြားခဲ့ပါသည်။ ဖမ်းဆီးထားသည့်ရွာသားများကို ပြန်လွှတ်ပေးရန် မိုင်းယော်အုပ်ချုပ်ရေးမှူးမှတဆင့် တောင်းဆိုခဲ့သော်လည်း မြန်မာ့တပ်မတော်က ပြန်မလွှတ်ပေးခဲ့ချေ။

ထိုမြန်မာ့တပ်မတော်တပ်ဖွဲ့တို့ နေရာရွှေ့ပြောင်းသွားပြီးနောက် ၂၉ ရက်နေ့ ဇွန်လတွင် ထိုပြောင်းခြံအနီးတွင် မြန်မာ့တပ်မတော်တပ်ဖွဲ့များမြှုပ်နှံထားသည့် ကျင်း နှစ်ကျင်းတွင် လူသေအလောင်း ၅ လောင်းကို တူးဖော်တွေ့ရှိ ခဲ့သည်။ သေဆုံးသူများမှာ (၁) အိုက်ဆိုင် (ဘ) ဦးခမ်းဟိန်း၊ ၂၃ နှစ်၊ (၂) အိုက်လွတ် (ဘ) ဦးအိုက်နွေး ၃၉ နှစ် နှင့် (၃) အိုက်မောင် (ဘ) ဦးအိုက်ညီ ၂၇ နှစ် တအာင်း-ပလောင်လူမျိုး မန်ကစ်ရွာသားများ ဖြစ်ကြပြီး၊ (၄) စိုင်းမွန်းအောင်(ခ) စိုင်းရွှေလူ (ဘ) ဦးအိုက်စိန် ၁၇ နှစ် ရှမ်းလူမျိုးနှင့် (၅) အိုက်မောင် အသက် ၂၃ နှစ် တအာင်းလူမျိုး မန်တပ်ရွာသား များဖြစ်ကြပါသည်။

မြန်မာ့တပ်မတော်၏ မြဝတီသတင်းက ထိုသေဆုံးသူများမှာ ၂၅ ရက်နေ့တွင်ဖြစ်ပွားသော တိုက်ပွဲတွင် ကျဆုံး ခဲ့သည့် TNLA တပ်ဖွဲ့ဝင်များ၏အလောင်းဟု ၁ ရက်နေ့ ဇူလိုင်သတင်း၌ မှားယွင်းစွာ သတင်းထုတ်ပြန်ထားပါသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် P.S.L.F /T.N.L.A ၏ တပ်မဟာ (၆) တပ်ဖွဲ့ဝင်များသည် မိုင်းယော်ဒေသ တွင်အခြေစိုက် လှုပ်ရှားနေသော်လည်း ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလမှစတင်ပြီး ယနေ့ကာလအထိ ထိုနေရာဒေသများ တွင် တိုက်ပွဲများမဖြစ်ပွားစေရန် အတတ်နိုင်ဆုံးရှောင်ရှားလျက်ရှိပါသည်။ ထိုဖော်ပြပါနေ့ရက်တွင် ထိုနေရာဒေသ၌ မိမိတို့တအာင်းတပ်မတော်နှင့် မည်သည့် တိုက်ပွဲထိတွေ့မှုမျှ မရှိခဲ့ပါ။

ထိုကြောင့် မြန်မာ့တပ်မတော်၏ အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် လားရှိုးမြို့နယ် မိုင်းယော် ဒေသခံ ရွာသား (၇)ဦး တို့၏ တရားမျှတမှုကို ဝိုင်းဝန်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်ကြပါရန် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး P.S.L.F /T.N.L.A မှ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများအား အထူးတိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။

“ဘ်ုပ်ဘိုန် ကုင်တအာင်း”

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F / T.N.L.A

Tags: , , ,

This post is in: Press Release

Related Posts
2016 Trafficking in Persons Report – BURMA: Tier 3
TRAINED TO TORTURE: Systematic war crimes by the Burma Army in Ta’ang areas of northern Shan State (March 2011 – March 2016)
တက္ကသိုလ်ကျောင်းသား ဂွမ်ဆိုင်းအောင်အား၊ အစိုးရစစ်တပ်၏ တပ်သားတစ်ဦးမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း၌ ပစ်ခတ်သတ်ဖြတ်ခြင်းအပေါ် ကျောင်းသားလူငယ်ထုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်
အောင်ဇေယျာတပ်ခွဲတွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးတဦးမှ အမျိုးသမီးတဦး၏ ရင်ဘတ်နှင့် နားထင်ကို သေနတ်ဖြင့် ကြေိမ်းကြိမ်ထောက်ခါ ပစ်ခတ်ရန်ချိန်းခြောက်မှုနှင့် ပတ်သက်၍ ကူကီအမျိုးသမီးစင်တာမှ သဘောထားထုတ်ပြန်ကြေညာချက်
Save The Namtu River