Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ သဘောထားကြေညာချက်

By All Burma Federation of Student Unions  •  April 9, 2016

(၁) ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီးနောက် သာယာဝတီအကျဉ်းထောင်အတွင်း (၁)နှစ်နှင့်(၂၉)ရက်ကြာ နေထိုင်ခဲ့ရသောကျောင်းသားကျောင်းသူများ၊ဒီမိုကရေစီပညာရေး ကြိုးပမ်းခဲ့သူများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊အကျဉ်းထောင် အသီးသီးတွင် အမှုရင်ဆိုင်နေရသော ကျောင်းသားကျောင်းသူများနှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများသည်၈. ၄. ၂၀၁၆နေ့ညနေတွင် ပြန်လည်လွတ်မြောက်လာကြပါသည်။

(၂) ထိုသို့ ပြန်လည်လွတ်မြောက်လာစေရန် အစဉ်တစိုက် တောင်းဆို အားထုတ်ကြိုးပမ်းပေးကြသော ပြည်တွင်းပြည်ပပုဂ္ဂိုလ်များ၊အဖွဲ့အစည်းများနှင့်ရဟန်းရှင်လူမိဘပြည်သူလူထုကြီးအားလည်းကောင်း၊၂၀၁၆ခုဧပြီလ(၁)ရက်နေ့တွင်အာဏာလွှဲပြောင်းရယူခဲ့သည့်သမ္မတကြီးဦးထင်ကျော်နှင့်အစိုးရအဖွဲ့အားလည်းကောင်း အထူးသဖြင့် အာဏာရပြီး ရက်သတ္တပတ်အတွင်း နည်းလမ်းအချက်(၃)ချက်ပါကြေညာချက်ဖြင့် နိုင်ငံရေးအကျဉ်းသားများကျောင်းသားကျောင်းသူများအား ပြန်လည် လွတ်မြောက် ရန်ကြိုးပမ်းမည် ဟုကြေညာလျက် နောက်တရက်တွင် လျှင်မြန်စွာ လွတ်ပေးနိုင်အောင် ကြိုးပမ်းအားထုတ်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားလည်းကောင်း၊ဗကသများအဖွဲ့ချုပ်အနေဖြင့်လေးစားစွာမှတ်တမ်းတင်အပ်ပါသည်။

(၃) ဒီမိုကရေစီနိုင်ငံဖော်ဆောင်နိုင်ရေးကို အစဉ်တစိုက် တိုက်ပွဲဝင်ကြိုးစားခဲ့သူများ ပါဝင်သည့် အစိုးရသစ်တရပ် ပေါ်ထွန်းလာချိန် တွင် ထိုပုဂ္ဂိုလ်များနည်းတူ တိုက်ပွဲဝင်ကြိုးစား အားထုတ်ရင်း အကျဉ်းထောင် အသီးသီးတွင် ထောင်ဒါဏ်များ ကျခံနေရသည့် ဘဝတူနိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်ရန် ဆက်လက်ကြိုးစား ဖော်ဆောင်ပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။

(၄) ဗကသများအဖွဲ့ချုပ်အနေဖြင့်အဖွဲ့ အစည်းအင်္ဂါရပ်များ၊အင်အားများကို ပြည်လည်စနစ်ကျစေရန်တည်ဆောက်လျက်၊ဗကသ၏မူ(၅)ချက်နှင့် အညီလုပ်ငန်းစဉ်များချမှတ်ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ ပြည်သူလူထု အကျိုးစီးပွားလိုအပ်ချက်များပြုပြင် ပြောင်းလဲမှုများတွင် ပြည်သူနှင့် တသားတည်းအတူလက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။

(၅) ထို့အတူအရင်အစိုးရလက်ထက်တွင် ပြုပြင်ပေးရန် တောင်းဆိုမှုအား မျက်ကွယ်ပြုခဲ့သဖြင့် သပိတ်မှောက် ဆန့်ကျင် ခဲ့ရသော အမျိုးသားပညာရေး ဥပဒေကို အနာဂတ်တိုင်းပြည်နှင့်ကျောင်းသား မျိုးဆက်သစ်တို့၏ အကျိုးကိုရှေးရှုလျက် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသောပညာရေးစနစ် တရပ်ပေါ်ထွန်းလာစေရန် ပညာရေးတောင်းဆိုချက် (၁၁)ချက်အား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပြည်သူကိုမျက်ကွယ် မပြုသောလွှတ်တော်အသစ်၊အစိုးရအသစ်လက်ထက်တွင် ဆက်လက်ညှိနှိုင်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်းထုတ်ပြန်အပ်ပါသည်။

Tags: , , , ,

This post is in: Press Release

Related Posts
အလုပ်သမားသပိတ်စစ်ကြောင်းမတရားဖမ်းဆီးဖြိုခွဲခံရမှုအပေါ် မကသများအဖွဲ့ချုပ်၏သဘောထားကြေညာချက်
Myanmar: Investigate Use of Excessive Force Against Letpadan Protesters
New Lease of Life in Burma Parliament but Political Prisoners Left Behind
Medical Crisis for Political Prisoners of Letpadan Case
Myanmar: Prisoner Amnesty Marred by Outrageous Jailing of Activist for Facebook Post