Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

By Ethnic Armed Organizations  •  October 18, 2015

၁။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည့်အချိန်မှစ၍ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral Agreement) များကို နှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။

၂။ ယင်းကဲ့သို့ တစ်ဖွဲ့ချင်း သဘောတူညီချက်ရယူခြင်းမှ တစ်ဆင့်တက်၍ အစုအဖွဲ့ဖြင့် ဆွေးနွေးညှိနှိုင်း ရေးကို အစိုးရဘက်မှ လက်ခံလာခဲ့သည့်အတွက် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှစ၍ အဖွဲ့ (၁၆) ဖွဲ့၏ ကိုယ်စားလှယ်များပါဝင်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့သည် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်” (မူကြမ်း) ကို စတင် ရေးဆွဲပြုစု ခဲ့ကြပါသည်။

၃။ အချိန်ကာလ (၂) နှစ်နီးပါး ကြာမြင့်ပြီးနောက် ညှိနှိုင်းဆွေးနွေးဘက် နှစ်ဖက်သည် ပါဝင်လက်မှတ် ရေးထိုးမည့် အဖွဲ့အစည်းများကိစ္စမှအပ “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်” (NCA) ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့တွင် သဘောတူညီမှုရရှိခဲ့ပါသည်။

၎။ ထိုသို့ အားလုံးသဘောတူညီထားသည့် NCA စာချုပ်ကို မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်း (၈) ဖွဲ့မှ ပါဝင်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့အတူ လတ်တလော ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် အဖွဲ့အစည်းများအနေဖြင့်လည်း တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဂုဏ်သိက္ခာရှိရှိ အတူတကွ ဆက်လက်ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၅။ ဤသို့ဖြင့် NCA လက်မှတ်ရေးထိုးရန်ဆုံးဖြတ်လိုက်သည့် မိမိတို့ (၈) ဖွဲ့မှ ကိုယ်စားလှယ်များသည် NCA လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ညှိနှိုင်းကြရာ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပရန် သဘောတူခဲ့ကြပြီး NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ရည်မှန်းထားသည့်အတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။

၆။ ထိုသို့ လက်မှတ်ရေးထိုးပြီးနောက် မိမိတို့အဖွဲ့အစည်း (၈) ဖွဲ့သည် တစ်ဖွဲ့ချင်းစီ၏ အခက်အခဲများကို သော်လည်းကောင်း၊ အဖွဲ့အစည်း (၈) ဖွဲ့လုံးနှင့်သက်ဆိုင်သည့် အခက်အခဲများကိုသော်လည်းကောင်း စုပေါင်းညီညွတ်မှုဖြင့် ကြိုးပမ်းဖြေရှင်းဆောင်ရွက်သွားကြရန် သဘောထားချမှတ်ခဲ့သည်။

၇။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို နိုင်ငံတော်သမ္မတ ဦးဆောင် သည့် အစိုးရအဖွဲ့၊ လွှတ်တော် နှင့် တပ်မတော် ခေါင်းဆောင်ကြီးများနှင့်အတူ နိုင်ငံတကာအသိ သက်သေ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် စုံစုံညီညီ ပါဝင်လက်မှတ်ရေးထိုးကြခြင်းဖြင့် ကတိကဝတ်ကို အခိုင်အမာရရှိပြီး ဖြစ်သည်ဟု မိမိတို့ယုံကြည်သည်။ ထို့ကြောင့် NCA ပါ ပြဌာန်းချက်များကို ချက်ချင်းအကောင်အထည်ဖော်သည့်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ နိုင်ရေးကို ဦးတည်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅-၁၇) ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ “Joint Monitoring Committee” (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ “Union Peace Dialogue Joint Committee” (UPDJC) များကို ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။

၇။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အောင်မြင်စွာ အကောင်အ ထည်ဖော်နိုင်ရေးအတွက် နှစ်ဖက်လုံးက ဆက်လက် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ထိုသို့ အောင်မြင် နိုင်ရေးအတွက် မိမိတို့ (၈) ဖွဲ့၏ စုပေါင်းတောင်းဆိုချက်များမှာ-

(က)   တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အသက်ဝင်လာပြီး ဖြစ်၍ ပြည်ထောင်စု တစ်ဝှမ်းလုံးသို့ သက်ရောက်မှုရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများ၊ ရန်လိုမှု များ လျှော့ချရပ်ဆိုင်းရန်-

(ခ)  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ဝန်ခံကတိပြုကြ ခြင်းဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အစိုးရ နှင့် တပ်မတော်က လက်ခံခြင်း၊ ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုကို တည်ဆောက်ရန် သဘောတူ ခြင်းတို့ကို ရရှိခဲ့ပါသည်။ NCA ကို ခိုင်မာစေ၍ ပါဝင်လက်မှတ်ရေးထိုးသူ နှစ်ဦးနှစ်ဖက်သည် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်ချောမောစွာကျင်းပနိုင်ရေးကို အတူတကွ အကောင်အထည် ဖော်ဆောင်ကြရန်-

(ဂ) ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ စစ်ပြေး/စစ်ရှောင် IDPs များ၊ ဒုက္ခသည်များတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများအမြန်ဆုံးရောက်ရှိစေရန်-

(ဃ) ထို့အပြင် မိမိတို့အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံကြရသော ကျောင်းသား/ကျောင်းသူများနှင့် ဝန်းရံသူများကို အမြန်ဆုံးလွှတ်ပေးရန် အလေးအနက်ထား တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာအပ်ပါ သည်။

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး (KNU)

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)

ချင်းအမျိုးသားတပ်ဦး (CNF)

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , , , , , , , , , , , ,

This post is in: Press Release

Related Posts
KIA ဗိုလ်သင်တန်းကျောင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအပေါ် မကဒတ (ကျောင်းသားတပ်မတော်)၏ ထုတ်ပြန်ကြေညာချက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ငွေရတုအထိမ်းအမှတ်နှင့် ကျဆုံးသွားခဲ့သည့် ရဲဘော်များအတွက် ဂုဏ်ပြုပွဲအခမ်းအနားသို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သ၀ဏ်လွှာ
AAPP Requests the Early Release of Terminally Ill Political Prisoner
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခြင်းပြုလုပ်မည်မဟုတ် ဟူသောဆုံးဖြတ်ချက်ကို ထောက်ခံခြင်း