Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

Opening Remarks: The 9th Nationwide Ceasefire Agreement (NCA) Negotiations

By Ethnic Armed Organizations  •  August 6, 2015

(၉) ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွေ့ ဆုံဆွေးနွေးရေးညှိနှိုင်းရေးအစည်းအဝေးတွင်
တိုင်းရင်းသားလက်နက်ကိုင်တော်လန်ရေးအဖွဲ့အစည်းများ၏အဆင့်မြင့်ညှိ နှိုင်းရေးကိုယ်စားလယ်အဖွဲ့  (SD)၏ ကိုယ်စားလယ် အဖွဲ့ခေါင်းဆောင် ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၏ အဖွင့်မိန့်ခွန်းစကား

အားလုံး မင်္ဂလာပါ။

ပထမဆုံးအနေနဲ့ပြောခ င်တာကတော့ အခုလက်ရိပြည်နယ်နဲ့တိုင်းဒေသကြီးအတော်များများမှာ ကျြုံတွေ့နေ ရတဲ့ ရေဘေးဒုက္ခတွေအတွက် ကျွန်မတို့အနေနဲ့အင်မတန်မ စိတ်မကောင်းဖြစ်ရပြီး ကယ်ဆယ်ရေးလုပ်ငန်း တွေမှာလည်း အစိုးရအနေနဲ့အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ယုံကြည်ပါတယ်။ ကျွန်မတို့အနေနဲ့ပံ့ပိုး နိုင်သည်မှာကိုလည်း တတ်အားသရွေ့ပါဝင်ပံ့ပိုးနိုင်ဖို့စိတ်ဆန္ဒရှိပါတယ်။

ယခု (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွေ့ဆုံဆွေးနွေးညိနှိုင်းရေးအစည်းအဝေးကို ကြွရောက်လာကြတဲ့ပြည်ထောင်စုငြိမ်းခ မ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဌပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းန င့်ကိုယ်စားလ ယ်အဖွဲ့အားလုံး၊တပ်ဘက်ဆိုင်ရာကိုယ်စားလယ်များအားလုံး၊ လွှတ်တော် ကိုယ်စားလယ်များနှ င့် ကြွရောက်လာကြတဲ့ တာဝန်ရှိသူများအားလုံးကို လေးစားပါတယ်။

(၉)ကြိမ်မြောက်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွေ့ဆုံဆွေးနွေးညိနှိုင်းရေးအစည်းအဝေးမှာပြီးခဲ့တဲ့ (၈)ကြိမ်မြောက်အစည်းအဝေးတုန်းကမပြီးပြတ်သေးတဲ့တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကိုအားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၊စာချုပ်ထဲမှာပြင်ဆင်ရန် ကျန် ရှိနေတဲ့အချက်(၃)ချက်ကို ဆက်လက် ညှိနှိုင်းဖို့ကိစ္စအပါအ၀င် အသိသက်သေကိစ္စနဲ့စာချုပ်ထဲမှာပါဝင်လက်မှတ်ရေးထိုးမည့်သူများကိစ္စ များကို ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

ယခုအချိန်က အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်တယ်ဆိုတာကိုကျွန်မတို့တိုင်းရင်းသားလက်နက်ကိုင်တော်လန် ရေးအဖွဲ့အစည်းများက နားလည်သဘောပေါက်ပြီး တ ချိန်ထဲမှာပဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အားလုံးပါဝင်လက်မှတ်ရေး ထိုးနိုင်ဖို့အတွက် အရေးကြီးတယ်လို့လည်းမြင်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို လက်တွေ့က က ထိရောက်စွာ အကောင်အထည် ဖော်နိုင် ဖို့အတွက် လက်နက်ကိုင်တော်လန်ရေးအဖွဲ့အစည်းမားအားလုံးက အဖွဲ့အစည်းကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခနဲ့ ပါတ်သက်နေတဲ့အဖွဲ့တွေဖြစ်တဲ့အတွက်ငြိမ်းချမ်း ရေးတည်ဆောက် ရေးမှာ လည်းအားလုံးပါဝင်မှ သာ ကျွ န်မတို့သွားနေတဲ့ ငြိမ်းခမ်းရေးလုပ်ငန်းစဉ်တခုလုံး အလုပ်ဖြစ်မယ်ဆိုတာကို သဘောပေါက်ပါတယ်။

ဒီတော့ တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲဖို့အတွက်နဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ  အားလုံးပါဝင်နိုင်ရေးအတွက်အစိုးရဘက်ကလည်း နည်းလမ်းတွေရမယ်လို့ ယုံကြည်ပါတယ်။ (၈) ကြိမ်မြောက်အစည်းအဝေးကအဆိုပြုတင်ပြထားသလိုပဲ အစိုးရဆီကအားလုံးပါဝင်နိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်း တခုခုကိုရရလိမ့်မယ်လို့မျော်လင့်ပါတယ်။ ပြီးခဲ့တဲ့ (၈) ကြိမ်မြောက်အစည်းအဝေးတုန်းက UPWC ဘက်က NCCT ရဲ့အဖွဲ့ဝင် (၁၆) ဖွဲ့ထဲက (၁၀) ဖွဲ့ ကိုပဲ လက်မ တ်ရေးထိုးရေးမာပါဝင်ဖို့လက်ခံတယ်လို့တင်ပြခဲ့ပါတယ်။ UPWC ရဲ့ သဘောထားကိုတိုင်းရင်း သားအဆင့်မြင့်ခေါင်းဆောင်တွေကို အစည်းအဝေးမှာပြန်တင်ပြတော့ အစည်းအဝေးကအားလုံးပါဝင် လက် မတ်ရေးထိုးရေး၊ အနည်းဆုံးအနေဖြင့် NCCT အဖွဲ့ဝင် (၁၆) ဖွဲ့ လက်မ တ်ရေး ထိုးရေးကိုပဲ ဆက်လက် ကိုင်စွဲထားဖို့ဆုံးဖြတ်ခဲ့ ကြတဲ့ အပေါ် အခု (၉) ကြိမ်မြောက်အစည်းအဝေးမှာ ဆက်လက်ညှိနှိုင်းဖို့ဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့အတွက်စိတ်သဘောထားအခိုင်အမာနဲ့ သေသေချာချာစဉ်းစားပြီးဆွေးနွေးညှိနှိုင်းကြမယ်ဆိုရင်အကောင်းဆုံးအဖြေ တခုကိုရရိပြီးရေ့ဆက်သွားဖို့ အတွက် အလားအလာကောင်းတွေလည်းရရိမယ်လို့ယုံကြည်ပါတယ်။

နှစ် (၆၀) ကော်ကြာပြည်တွင်းစစ်က တိုင်းရင်းသားကြီး၊ငယ်မခွဲခြားပဲ အားလုံးကထပ်တူညီမ ခံစားရတာ ဖြစ်ပြီး အားလုံးရဲ့နိုင်ငံရေးရည်မှန်းချက်ကလည်း အတူတူပဲဖြစ်တဲ့အတွက်နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လ န်ရေးအဖွဲ့အစည်းအားလုံးအနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အခိုင်အမာဖြစ်ရေးအတွက် အားလုံးကလက်မ တ်ရေးထိုးနိုင်ဖို့ အရေးကြီး ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုခုကို ချန်ရစ်ထားမယ်ဆိုရင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားဖို့အတွက် ဖန်တီးတာနဲ့အတူတူပါပဲ။ ဒါ့အပြင် NCA မှာမပါဝင်နိုင်သေးတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားမယ် ဆို ရင်လည်း NCA လက်မှတ် ထိုးထားတဲ့ပြည်နယ်တွေမှာအကျိုးသက်ရောက်မှုတွေရှိမှာဖြစ်တဲ့အတွက်ကျွန်မတို့ လိုချင်တဲ့ငြိမ်းချမ်းရေး ကိုတည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ကို လက်မ တ်ရေးထိုးပြီးတာနက် အပစ်အခတ်အားလုံးရပ်စဲသွားတာကို မြင်ချင်ပါတယ်။ လက်မှတ်ရေးထိုးပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားတာကိုမလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့လက်မ တ်ရေးထိုးပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမယ်ဆိုရင် ပြည်သူတွေလဲ ကျန်မ တို့ ငြိမ်းချမ်းရေး လုပ်ရပ်အပေါ်သံသယတွေ၊ ဒွဟစိတ် တွေ ဖြစ်စေနိုင်ပါတယ်။

ဒီတကြိမ်အစည်းအဝေးမျာ ကျွန်မတို့တိုင်းရင်းသားကိုယ်စားလယ်တွေနဲ့ အစိုးရဘက်ကရော၊ တပ်ဘက်ဆိုင် ရာတာဝန်ရှိသူအားလုံး စစ်မှ န်တဲ့ငြိမ်းခ မ်းရေးကိုတည်ဆောက်နိုင်ဖို့ကိုရည်မှန်းပြီး ဆွေးနွေးညှိနှိုင်းမယ် ဆိုရင် စစ်မှန်ပြီးရေရည် တည်တံ့ခိုင်မြဲတဲ့ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အကောင်းဆုံးအဖြေတခုခုကို ရရှိမယ်လို့ မျော်လင့်ပါတယ်။

 

ပဒိုနော်စီဖိုးရာစန်၏ အဖွင့်မိန့်ခွန်းစကား မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဝန်ကြီး ဦးအောင်မင်း၏ ပြောကြားသောအဖွင့်စကား မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၏ဆွေးနွေးပြောကြား ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

SD ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ပူးဇင်ကျုံး ပြောကြားသောမိန့်ခွန်း မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

SD ဒုတိယအဖွဲ့ ခေါင်းဆောင်း (၁)ဒေါက်တာ လဂျာမှ အဖွင့်နှုတ်ခွန်းဆက်မိန့်ခွန်း မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , , , , ,

This post is in: Press Release

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Myanmar’s New Dawn :Opportunities for Aung San Suu Kyi and U.S.-Myanmar Relations
Expanding People’ Solidarity for a Just and Inclusive ASEAN Community
Civil society launches #FreeThe5KH campaign in support of the imprisoned ADHOC staff and NEC official
Myanmar logging ban a major step to forest sector reform