Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

2015 Palm Campaign: “Even Though I’m Free I Am Not”

By Assistance Association for Political Prisoners  •  January 26, 2015

The Assistance Association for Political Prisoners (AAPP) and the Former Political Prisoner Society (FPPS) are calling on supporters from across the world to take photographs of their participation in our 2015 Palm Campaign. The campaign aims to show the Government of Burma, in the run up the 2015 elections, that the international community stands in solidarity with political prisoners, and demands lasting reform in Burma.

The steady rise in the number of political prisoners in the last year makes clear that the government is increasingly cracking down on fundamental freedoms. There is a widespread belief that progress in Burma has now stalled, and the alarming political prisoner situation is demonstrative of the government’s backsliding on reforms. At this pivotal time, it is crucial that the international community puts renewed pressure on the government to ensure they remain committed to a democratic future.

The 2015 Palm Campaign calls for an end to the use of oppressive laws to harass, arrest and imprison political activists; the unconditional release of current political prisoners; and real lasting judicial and legislative reform in Burma.

March 13, 2015, informally signifies Burma’s Human Rights Day, which commemorates Phone Maw – the student shot dead at Rangoon Institute of Technology by government security troops during protests on this day in 1988 – a critical moment in the ’88 pro-democracy uprisings. The campaign will culminate on Burma’s Human Rights Day by showcasing photographs of the support and solidarity from across the world, at an exhibition in Rangoon. This event will display the international community’s widespread call that the Government of Burma must demonstrate the political will to meet the demands of this campaign.

To find out more about the campaign and how to take your photograph please visit:www.aappb.org/2015-political-prisoners-campaign

Contact details:
Tate Naing, AAPP Secretary: +66 (0) 81-2878751
Bo Kyi, AAPP Joint Secretary: +95 (0) 9-425308840
Ye Aung, FPPS: +95 (0) 9-49590495
Email: campaigns@aappb.org


၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်

၂၀၁၅ ခုနှစ်၊ လက်ဝါးလှုပ်ရှားမှု – “ကျွန်ုပ်လွတ်မြောက်လာသော်လည်း၊ မလွတ်လပ်ပါ။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ (FPPS) တို့မှ မိမိတို့၏ “၂၀၁၅ ခုနှစ် လက်ဝါးလှုပ်ရှားမှု” တွင် ကမ္ဘာတစ်ဝှမ်းမှ ထောက်ခံသူများအနေဖြင့် ဓါတ်ပုံများ ရိုက်ကာ ပူးပေါင်းပါဝင်ခြင်းများ ပြုလုပ်ပေးကြပါရန် တောင်းဆိုလိုက်ပါသည်။ ထိုလှုပ်ရှားမှုမှ ၂၀၁၅ ခုနှစ် တွင် ရွေးကောက်ပွဲကြီးအား ကျင်းပမည့် မြန်မာအစိုးရအား နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်းကို ပြသရန် ရည်ရွယ်သလို မြန်မာနိုင်ငံတွင် ရေရှည်တည်မြဲသည့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်လည်း တောင်းဆိုလိုက်ပါသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား အရေအတွက် ပုံမှန် တိုးတက်များပြားလာမှုသည့် အစိုးရမှ အခြေခံလူ့အခွင့်အရေးများပေါ်တွင် တိုးမြှင့်ပြီး ဖြိုခွင်းနေကြောင်း သိသာထင်ရှားစေပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြုပြင်ပြောင်းလဲမှုများသည် နှောင့်နှေးနေကြောင်း ယုံကြည်နေကြပြီး၊ စိတ်ပျက်ဖွယ်ရာ နိုင်ငံရေးအကျဉ်းသား အခြေအနေမှလည်း မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေးတွင် နောက်ကြောင်း ပြန်လှည့်နေကြောင်း ပြသနေပါသည်။ ထိုကဲ့သို့ အရေးကြီးလှသည့်အချိန်တွင် မြန်မာအစိုးရမှ ဒီမိုကရေစီ အနာဂတ် ဖြစ်ပေါ်ရေးအတွက် ကတိကဝတ်ပြုထားသည့်အတိုင်း သေချာစွာဆောင်ရွက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာအစိုးရအပေါ် ဖိအားပေးတိုက်တွန်းမှုများ အသစ်တစ်ဖန် ထပ်မံပြုလုပ်ရန်မှာ လွန်စွာအရေးကြီးလှပါသည်။

မိမိတို့၏ “၂၀၁၅ ခုနှစ် လက်ဝါး လှုပ်ရှားမှု” မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို နှောက်ယှက်ရန်နှင့် ဖမ်းဆီးထောင်ချရန် ဖိနှိပ်သည့်ဥပဒေများ အသုံးပြုနေမှုအား ရပ်တန့်ရန် တောင်းဆိုလိုက်ပြီး၊ လက်ရှိ နိုင်ငံရေးအကျဉ်းသားများ အားလုံးအား ချွင်းချက်မရှိလွတ်ပေးရန်နှင့် မြန်မာနိုင်ငံအတွင်း ရေရှည်တည်တန့်သည့် ဥပေဒပြုရေးနှင့် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်တို့ကိုပါ တောင်းဆိုလိုက်ပါသည်။

မြန်မာနိုင်ငံ၏ “၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး” အတွင်း အရေးပါလှသည့် အချိန်ကာလ တစ်ခုဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ နည်းပညာတက္ကသိုလ်၌ ဆန္ဒပြနေကြစဉ်အတွင်း အစိုးရတပ်သားတို့၏ လက်ချက်ဖြင့် သေနတ်ထိမှန် ကျဆုံးခဲ့ရသည့် ကျောင်းသား ကိုဖုန်းမော် သေဆုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ဖြစ်သည့် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး၊ မိမိတို့၏ “လက်ဝါး လှုပ်ရှားမှု” သည် ကမ္ဘာတစ်ဝှမ်းရှိ မိမိတို့ဘက်မှ ရပ်တည်ကာ မိမိတို့အား အားပေးကူညီ ထောက်ခံသူတို့၏ ဓါတ်ပုံများကို ရန်ကုန်မြို့တွင် ထိုလူ့အခွင့်အရေးနေ့၌ ပြသခြင်းအားဖြင့် ပြီးဆုံးမည်ဖြစ်သည်။ ထိုအခမ်းအနားသည် “လက်ဝါးလှုပ်ရှားမှု” မှ တောင်းဆိုမှုတို့ကို မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးဆန္ဒရှိရှိဖြင့် လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာအစိုးရအား ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။

“လက်ဝါး လှုပ်ရှားမှု” နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ ပိုမို သိရှိရန်နှင့် သင်တို့၏ ဓါတ်ပုံများ ရိုက်ရန်အတွက် ထိုလင့်ခ်ကို ဝင်ရောက်ကြည့်ရှုပါရန်- www.aappb.org/2015-political-prisoners-campaign

ဆက်သွယ်ရန်-

 

ဦးတိတ်နိုင်၊ အေအေပီပီ အတွင်းရေးမှူး-                    +၆၆ (၀) ၈၁-၂၈၇၈၇၅၁

ဦးဘိုကြည်၊ အေအေပီပီ တွဲဖက်အတွင်းရေးမှူး-           +၉၅ (၀) ၉-၄၂၅၃၀၈၈၄၀

ဦးရဲအောင်၊ (FPPS)-                                            +၉၅ (၀) ၉-၄၉၅၉၀၄၉၅

အီးမေးလ်-                                                          campaigns@aappb.org

 

Tags: , , , , ,

This post is in: Press Release

Related Posts