Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

KIA ဗိုလ်လောင်း သင်တန်းကျောင်း တိုက်ခိုက်ခံရမှုအပေါ် SYCB ၏ သဘောထား ထုတ်ပြန်ချက်

By Students and Youth Congress of Burma  •  November 24, 2014

ရက်စွဲ။ ။ ၂၀၁၄ ခုနှစ် ၊ နိုဝင်ဘာလ၊ ၂၃ ရက်

၁။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၉)ရက်နေ့တွင် ကချင်ပြည်နယ်၊ ခယာဘွမ်အခြေစိုက် မြန်မာ့ တပ်မတော် ခြေမြန်တပ်ရင်း (၃၈၉)တပ်ဖွဲ့မှ ဝိုင်ကျိုင်ဘွမ်၌ တည်ရှိနေသော ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ အရာရှိ ဗိုလ်လောင်းသင်တန်း ကျောင်းအား (၁၀၅)မမဖြင့် ရည်ရွယ်ချက်ရှိရှိ ကြံရွယ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်တန်းသား(၂၃)ဦး ကျဆုံးခဲ့ပြီး (၂၀)ဦး ထိခိုက်ဒဏ်ရာ ရရှိသွာ ခဲ့သည့် အပေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်မှ ဝမ်းနည်းကြောင်း သဘောထား ထုတ်ပြန်ချက်နှင့် အတူမြန်မာ့ တပ်မတော်၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

၂။ ယခုဖြစ်ရပ်ဆိုးသည် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည်ဆောက်ရေး ကြိုးပမ်းနေစဉ် ကာလအတွင်း လုံးဝ မဖြစ်သင့်သော ကိစ္စရပ်များဖြစ်သကဲ့သို့ ယုံကြည်မှု တည်ဆောက်ရေးမှ တဆင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးသို့ တက်လှမ်းနိုင်ရေးအတွက် အဟန့် အတားဖြစ်စေနိုင်သည့် လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်ပါသည်။

၃။ ဤကဲ့သို့သော ပစ်ခတ် တိုက်ခိုက်မှုများ ရှေ့ဆက် မဖြစ်ပွားစေရန် ခိုင်မာသော အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် မြန်မာ့တပ်မတော် အနေဖြင့် အမှန်တကယ် လိုလားသည်ဟု သက်သေပြရန် လိုအပ်ကြောင်း တိုက်တွန်းပါသည်။

၎။ ထို့အတူပြည်သူလူထု လိုလားတောင့်တနေသော ငြိမ်းချမ်းရေးဖြစ်စဉ်အား မြန်မာ့ တပ်မတော်အနေဖြင့် လမ်းလွဲစေသော လုပ်ရပ်များကို ရှောင်ရှားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်း စွာ တွေ့ဆုံညှိနှိုင်း အဖြေရှာသွားရန် တောင်းဆိုလိုပါသည်။

၅။ မြန်မာ့တပ်မတော်အနေဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်နေသော အစိုးရ၏ ပြုပြင်ပြောင်း လဲရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှ တဆင့် ငြိမ်းချမ်းစွာ အဖြေရှာရေးတို့ကို တပ်မတော်မှ အပြည့်အ၀ လိုက်နာဆောင်ရွက်ရန်လို အပ်ကြောင်း ထုတ်ပြန်ကြေငြာ အပ်ပါသည်။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်

ဆက်သွယ်ရန်။
၁) စောဂျက်ပစီ – အထွေထွေအတွင်းရေးမှူး +၆၆(၀)၈၁၀၄၂၈၃၉၈၊ +၉၅(၀)၉၃၁၆၆၅၃၅၃
၂) မညိုညိုလင်း – အတွင်းရေးမှူးအဖွဲ့ဝင် + ၈၆(၀) ၁၃၃၇ ၈၈၂၄ ၂၆၀

သဘောထား ထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။

Tags: , , , , ,

This post is in: Press Release

Related Posts
21st Century Panglong Conference Reaffirms Obstacles to Peace
Torture, extrajudicial killing, and use of civilians as human shields by Burma Army during new offensive against SSPP/SSA near Upper Yeywa dam site in Kyaukme
Time for a Fresh Start for Genuine Peace
An Open Letter to World Leaders on the Fourth Anniversary of The Resumption of War Calling Urgently for Humanitarian Aid for The Internally Displaced People of Northern Burma
The Burma Government Must Stop Condoning Sexual Violence in Conflict Areas