Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

Replacing Impunity with Accountability

By Karen Human Rights Group  •  October 9, 2014

On September 21st, the body of Saw Ta Noh, a private in the Karen National Liberation Army’s (KNLA) 6th Brigade, was found in the Moei River, near Myawaddy, after having been arrested on September 16th by soldiers from Border Guard Force (BGF) Battalion #1022.Captain Hla Min, Commander of the KNLA Headquarters Special Command from 6th Brigade, urged the BGF, a military force under the direct control of Tatmadaw, to investigate the case. Five BGF soldiers were arrested in connection with the killing of Saw Ta Noh the following day. The Karen Human Rights Group (KHRG) recognizes the actions taken by the BGF leadership to be a necessary first step in fulfilling their obligations under international law to investigate this crime. However, there need to be similar investigations and access to justice in cases where soldiers have committed violations against civilians. Only then will impunity be replaced with accountability in southeast Myanmar.

KHRG urges all armed groups to focus on justice for civilians in southeast Myanmar who have suffered similar atrocities for decades. All humans are equally protected under the law. Since the January 2012 ceasefire, KHRG has documented multiple cases of civilians being killed in southeast Myanmar, mainly by armed groups. On June 25, 2012, in Thaton District, a 52-year-old man was tortured and killed by soldiers from BGF Battalion #1014, after he was accused of being a Karen National Union (KNU) spy. In Hpa-an District, a 16-year-old boy was killed on March 11, 2013, and a 62-year-old grandmother was killed on March 27, 2013, both by soldiers of BGF Battalion #1016, because they had publicly discussed the BGF?s involvement in drug related issues. On June 11, 2013, also in Hpa-an District, an entire family of four was murdered by troops under the orders of Commander Kya Aye of BGF Battalion #1015, after the family had been accused of practicing witchcraft. It is a blatant violation of human rights to murder unarmed civilians and the perpetrators of these crimes should be punished. However, the soldiers involved have not been investigated, detained or punished in any way in any of the above cases.

Human rights abuses have been committed not only by the BGF in southeast Myanmar, but other armed groups as well. Since the January 2012 ceasefire, KHRG has received credible reports detailing serious violations, including: forced labour by the Karen National Defence Organisation (KNDO), torture and violent abuse by the Tatmadaw, violent abuse by the Karen National Liberation Army (KNLA), and the shooting of a villager by the Democratic Karen Benevolent Army (DKBA). No action has been taken to investigate the violations, much less bring the perpetrators to justice for these crimes.

The BGF has taken a necessary initial step by launching an investigation into the case of Saw Ta Noh. However, we encourage all armed groups to go further. Soldiers found to have committed abuses should be prosecuted in a transparent fashion and to the fullest extent possible in accordance with domestic and international laws. The lives of civilians are equally valuable as the lives of soldiers. Therefore, while KHRG recognizes the recent actions of the BGF in investigating the case of the murdered KNLA soldier, we also call on the leaders of all armed groups to take action on behalf of civilians who have been tortured, violently abused, and killed in southeast Myanmar. We recommend that all armed groups:

*   Hold their soldiers accountable for human rights abuses they commit.
*   Be transparent in their investigation and prosecution of such abuses.
*   Effectively punish the perpetrators of such abuses in accordance with the law.

Founded in 1992, KHRG is an independent local organization committed to improving the human rights situation in Myanmar by training and equipping local people to document their stories and gather evidence of human rights abuses; disseminating this information worldwide; and working directly with local villagers to enhance their strategies for protecting themselves from abuse and the effects of abuse.

Download the press release here.


ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို တာဝန်ယူမှုဖြင့် အစားထိုးခြင်း

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

စက်တင်ဘာလ ၁၆ ရက်နေ့ တွင် နယ်ခြားစောင့်တပ် တပ်ရင်းအမှတ် (၁၀၂၂) မှ ဖမ်းဆီးထားသော  ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ မှ တပ်သား စောတာနို ၏ အလောင်း အား မြ၀တီမြို့ အနီးရှိ သောင်ရင်းမြစ်၌ စက်တင်ဘာလ ၂၁ ရက်နေ့ တွင် တွေ့ရှိခဲ့ပါသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ အထူးတပ်ရင်းမှူး ဗိုလ်လမင်းမှ ဤအမှုအား စုံစမ်း စစ်ဆေးပေးပါရန် မြန်မာ့တပ်မတော်လက် အောက်ရှိ နယ်ခြားစောင့် တပ်အား တိုက်တွန်း ခဲ့ပါသည်။ ၎င်းတိုက်တွန်းမှု အပြီး နောက် တစ်နေ့ တွင် စောတာနိုအား သတ်ဖြတ်ခဲ့မှု နှင့်ဆက်စပ်သည့် နယ်ခြားစောင့် တပ် ရဲဘော် ၅ ဦးအား ဖမ်းဆီးခဲ့ပါသည်။ ကရင်လူ့အခွင့်အရေး အဖွဲ့မှ နယ်ခြား စောင့်တပ် ခေါင်းဆောင်များက ဤအမှုအား ပထမဆုံး ခြေ လှမ်း အနေဖြင့် နိုင်ငံတကာ ဥပဒေ၀တ္တရား အတိုင်း စုံစမ်းစစ် ဆေး သည်ကို အသိအမှတ် ပြုပါသည်။ သို့သော် စစ်သားများမှ ပြည်သူ များအား တစ်စုံတရာ ပြစ်မှုကျူးလွန် ချိုးဖောက်ခဲ့သော် တရားမျှတမှု ရရှိစေရန် ဤ ကဲ့သို့သော စုံစမ်း စစ်ဆေးမှုများကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုမှသာလျှင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တွင် ပြစ်ဒဏ် ကင်းလွတ် ခွင့်ကို တာဝန်ယူမှု ဖြင့် အစားထိုးနိုင် မည်ဖြစ်သည်။

ဤသို့ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရာစုနှစ်ပေါင်းများစွာ ခံစားခဲ့ ရသော မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ပြည်သူ လူထုများ အတွက် တရားမျှတမှု ရှိစေရန်အရေး အာရုံစိုက် လုပ်ဆောင်ပေးဖို့ ကရင် လူ့အခွင့်အရေးအဖွဲ့ မှ လက်နက်ကိုင် အဖွဲ့အစည်းများအား တိုက်တွန်းပါသည်။ ဥပဒေသည် လူသားတိုင်း အတွက် ကျောသား ရင်သားမခွဲခြားဘဲ တန်းတူ အကာအကွယ် ပေးထားပါသည်။ ၂၀၁၂ အပစ်အခတ် ရပ်စဲချိန်မှစ၍ ကရင်လူ့အခွင့်အရေး အဖွဲ့၏ မှတ်တမ်းများ အရ မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းရှိ ပြည်သူများ အသတ်ခံ ရသော အမှုအချို့၌ လက်နက်ကိုင် အဖွဲ့များမှာ အဓိကတရားခံ များ ဖြစ်သည်ဟု သိရပါသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် သထုံခရိုင်နေ အသက် ၅၂ နှစ် အရွယ် အမျိုး သားသည် ကရင် အမျိုးသား အစည်းအရုံး၏ သူလျှို ဖြစ် သည်ဟု စွပ်စွဲ ခံရပြီးနောက် နယ်ခြားစောင့်တပ် တပ်ရင်း အမှတ် (၁၀၁၄) ၏ တပ်သားများမှ ညှဉ်းပန်းနှိပ်စက် မှု နှင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ဘားအံ ခရိုင်တွင် အသက် ၁၆ နှစ် အရွယ် ယောက်ျား လေးတစ်ဦး နှင့် ၂၀၁၃ ခုနှစ်၊ မတ်လ၂၇ ရက်နေ့ ၌ အသက် ၆၂ နှစ် အရွယ် အဖွားတစ်ဦးသည် နယ်ခြားစောင့် တပ်ဖွဲ့ ၏ မူးယစ်ဆေးဝါး နှင့်ဆက်နွယ်သော ကိစ္စအား လူသိရှင်ကြား ပြောဆို မိသောကြောင့် နယ်ခြားစောင့်တပ် တပ်ရင်း အမှတ်(၁၀၁၆) ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၌ ဘားအံခရိုင် အတွင်းနေ မိသားစုဝင် လေးဦး စလုံးကို စုန်းကဝေ အတတ်ပညာ တတ်သည် ဟူသော စွပ်စွဲချက်ဖြင့် နယ်ခြားစောင့်တပ် တပ်ရင်း အမှတ်(၁၀၁၅) မှ ဗိုလ်ကြာအေး၏ အမိန့်အရ စစ်သားများ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရပါသည်။

လက်နက်မဲ့သော လူထုအား သတ်ဖြတ်ခြင်း လုပ်ရပ် သည် ပြောင်ပြောင် တင်းတင်း အရှက်မဲ့စွာ လူ့အခွင့်အရေးအား ချိုးဖောက်နေခြင်းဖြစ်ပြီး ဤကဲ့သို့သော ပြစ်မှု ကျူးလွန်သူအား အပြစ်ပေး ရမည်ဖြစ်သည်။ သို့ပါသော်လည်း အထက် ဖော်ပြထား သည့် အမှုတွင် ပါဝင်ပတ်သက် နေသော စစ်သားများမှာ ယခုအချိန် ထိ စုံစမ်း စစ်ဆေးခံရခြင်း၊ ထိန်းသိမ်း ခံထားရခြင်း၊ တစ်မျိုးမျိုး တစ်ဖုံဖုံ အပြစ်ပေး ခံရခြင်း မရှိသေးပေ။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နယ်ခြားစောင့် တပ် တစ်ဖွဲ့တည်းသာလျှင် ချိုးဖောက်ခြင်း မဟုတ်ပဲ အခြားသော လက်နက်ကိုင် တပ်ဖွဲ့ များကလည်း ချိုးဖောက်နေကြ ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ အပစ်အခတ် ရပ်စဲပြီးချိန်မှစ၍ ကရင် လူ့အခွင့်အရေး အဖွဲ့မှ ယုံကြည် စိတ်ချရသော အသေး စိတ် ဖော်ပြသည့် သတင်းများအရ ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့၏ အတင်း အဓမ္မ အလုပ်ခိုင်းစေမှု၊ မြန်မာ့ တပ်မတော်၏ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် အကြမ်း ဖက်မှု၊ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်၏ အကြမ်းဖက်မှု နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ် မတော်၏ ရွာသားများအား ပစ်ခတ်ခြင်း ကဲ့သို့ပြင်း ထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုအစီရင်ခံစာများ ကိုလက်ခံရရှိခဲ့ပါသည်။ ဤ အကြမ်းဖက်မှုများ နှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု နှင့် အရေးယူ ဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိရုံ သာမက ပြစ်မှုကျူးလွန် သူများကို ၎င်း တို့ပြစ်မှုအတွက် အမှန် တရား ဖော်ထုတ်ရန် လုပ်ဆောင်မှုများ မရှိသေးပေ။ နယ်ခြားစောင့် တပ်မှ ကနဦး ခြေလှမ်း အနေဖြင့် စောတာနို၏ အမှုတွင် စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ခဲ့ပါ သည်။ သို့သော်လည်း လက်နက်ကိုင် ဖွဲ့အစည်း အားလုံး ဤကဲ့သို့ ရှေ့ဆက် ပိုမို စွမ်းစောင်နိုင်စေရန် ကရင်လူ့အခွင့် အရေးအဖွဲ့ မှ တိုက်တွန်းပါသည်။ ပြည်သူများ၏ အသက်သည် စစ်သားများ၏ အသက်နှင့်ထပ်ထူထပ်မျှ  တန်ဖိုးရှိပါသည်။ အကြမ်း ဖက်မှု ကျူးလွန်သော စစ်သားများကို ပြည်တွင်း ဥပဒေ နိုင်ငံတကာ ဥပဒေ၏ အတိုင်း အတာ နှင့် အညီတတ်နိုင်သမျှ  ပွင့်လင်းမြင် သာ သော တရားစီရင်မှု ပုံစံဖြင့် တရားစီရင် သင့်ပါသည်။ ထို့ကြောင့် အသတ်ခံရသော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်သား၏ အမှုအား စုံစမ်းစစ်ဆေးနေသော နယ်ခြားစောင့်တပ်၏ လုပ်ရပ်အား ကရင်လူ့ အခွင့်အရေးအဖွဲ့မှ အသိ အမှတ် ပြုသကဲ့သို့ အခြားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များကို လည်း မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းတွင် ညှဉ်းပန်းနှိပ်စက် ခံရသော၊ အကြမ်းဖက် ခံရသော၊ အသတ်ခံရသော ပြည်သူများ ကိုယ်စား ပြစ်မှုကျူးလွန်သူ များအား ထိထိရောက်ရောက် အရေးယူပေးပါရန် တိုက်တွန်းပါသည်။

  • လူ့ အခွင့်အရေး ချိုးဖောက်သော စစ်သားများအား တာဝန်ခံ/ ယူနိုင်မှု ရှိအောင် စွမ်းဆောင်ရမည်။
  • ဤကဲ့သို့သော အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးခြင်း တရားစီရင်ခြင်း များတွင် ပွင့်လင်းမြင်သာမှု ရှိရမည်။
  • ပြစ်မှုကျူးလွန် သူများအား တရားဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အပြစ်ပေးအရေးယူ ရမည်။

၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ကရင်လူ့ အခွင့်အရေး အဖွဲ့အစည်း သည် လွတ်လပ်သော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဒေသ ခံပြည်သူများ အနေဖြင့် တွေ့ကြုံ ခံစား နေရ သော အဖြစ်အပျက် များ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကိုစုဆောင်း မှတ်တမ်း ယူနိုင်စေရန် သင်တန်း ပို့ချခြင်း နှင့် လိုအပ်သည့် အထောက်အကူ ပစ္စည်းများ ပံ့ပိုးပေးလျှက်ရှိသည်။ ထို့အပြင် ရရှိသည့်သတင်း အချက် အလက်များ ကိုဖြန့်ဝေပေးခြင်း နှင့် ချိုးဖောက်မှုများ ကိုကာကွယ်လျှက် ရှိသည့် ရွာသားများ ၏ နည်းဗျူဟာများ ပိုမိုကောင်းမွန်စေရန် ၎င်း တို့နှင့်ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်မှုများ လုပ်ခြင်းဖြင့် မြန်မာပြည်ရှိ လူအခွင့်အရေး အခြေအနေပိုမို တိုးတက်ကောင်းမွန် လာစေရန် ကြိုး ပမ်းလျှက်ရှိပါသည်။

www.khrg.org

သတင်းထုတ်ပြန်ချက် ကရင်ဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , , , , , ,

This post is in: Press Release

Related Posts
Burma Army Displays Blatant Disregard for 21st Century Panglong Peace Process
Karen State September 2016 Conflict: The Real Motivations Behind Renewed War
Burma Army’s actions in Karen State threaten to expand fighting, endangering peace process and displaced people’s return
Hpa-an Situation Update: Hlaingbwe and Paingkyon townships, March to May 2016
Legal Analysis Statement on current armed conflict in Karen State from the perspective of human rights and the rule of law vis-a-vis the Nationwide Ceasefire Agreement