Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ကြေညာချက်

By Union Peace Working Committee and ethnic armed groups  •  November 5, 2013

နေ့စွဲ၊ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်။

နေရာ မြစ်ကြီးနားမြို့။

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များတို့သည် တစ်နိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့များတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲ သို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ လေ့လာသူများအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် တရုတ်နိုင်ငံ၊အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်းတို့လည်း တက်ရောက်ခဲ့ကြပါသည်။

၂။ အဆိုပါဆွေးနွေးပွဲတွင် လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်များမှ ဖွဲ့စည်းလိုက်သည့် “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Team – NCCT)” မှ “လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပတ်အခတ်ရပ်စဲရေး ဘုံသဘောထား ရပ်တည်ချက်များ (လိုင်ဇာသဘောတူညီချက်)” ကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသို့ ယင်း “လိုင်ဇာသဘောတူညီချက်” ကို တရားဝင်ပေးအပ်ခဲ့ပါသည်။

၃။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှလည်း ပြည်ထောင်စု အစိုးရ၏ “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း များအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)” ကို “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)” သို့ အပြန်အလှန်ပေးအပ်ခဲ့ပါသည်။

၎။ နိုင်ငံရေးသဘောတူညီချက်များ ရရှိနိုင်ရေးအတွက် အောက်ပါအချက်များ ဆောင်ရွက်ရမည်ဟု နှစ်ဖက် သဘောတူကြပါသည်။

(က) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး၊

(ခ) နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်များ၊

(ဂ) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း။

(၅) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရန် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)” မှ ၎င်းတို့၏ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှု များ ပြုလုပ်ပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြန်လည်းတွေ့ဆုံ ဆွေးနွေးရန် သဘောတူညီ ကြပါသည်။

(၆) နှစ်ပေါင်း (၆၀) ကျော်ကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး၊ နိုင်ငံရေး ဆွေးနွေးမှုများ စတင်နိုင်ရေးတို့ကို ဦးတည်၍ ဤအစည်းအဝေး အတွင်း ပူးပေါင်းဆောင်ရွက်မှုများအပေါ် နှစ်ဘက် ကိုယ်စားလှယ်များမှ ကျေနပ်အားရမှု ရှိပါသည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရန်  နှစ်ဘက် အဖွဲ့အစည်းများက သဘောတူညီထားကြောင်း ပူးတွဲထုတ်ပြန်ကြေငြာအပ်ပါသည်။

Myanmar Peace Monitor မှ ဖြန့်ဝေခဲ့သော အထက်ပါ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , ,

This post is in: Peace and National Reconciliation, Press Release

Related Posts
New report by Network for Human Rights Documentation – Burma Details Continuing Human Rights Violations by Burmese Military against its Citizens
Burma Army Kill Villager in Front of His Parents, then Force over 1,200 Villagers to Demonstrate Against “Insurgents” for Killing Civilians in Murng Yawng
Protection and Security Concerns in South East Burma/ Myanmar
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ကြေညာချက်အမှတ်-၁၀ / ၀၉ / ၂၀၁၄
What Refugees Say…