Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.
To view Burmese content, please install Zawgyi-One font.
Bookmark and Share

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ

By Investigation Commission for Letpadaung Copper Mining Project | March 12, 2013

နိဒါန်း

၁။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌တင်သွင်းခဲ့သည့် အရေးကြီးအဆိုတွင် စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် သင့်မသင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ်  (၉၅/၂၀၁၂) အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။

၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် စီမံကိန်းနှင့်ပတ်သက်၍ ကျေးရွာလူထု ခံစားနေရသည့် ပြည်သူ့အသံများအပါအဝင် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းပြီး သုံးသပ်ချက်နှင့်တကွ တင်ပြနိုင်ရန် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

ရည်ရွယ်ချက်

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့်နှင့် ပတ်သက်၍ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရန်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်အတွက်လည်းကောင်း ဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏အနာဂတ်အတွက် အရေးပါသော လုပ်ထုံးလုပ်နည်း အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက် လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြနိုင်ရန်။

မြန်မာ့အလင်းသတင်းစာပါ အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , , ,

This post is in: Business and Human Rights, Environmental and Economic Justice, Spotlight

Related Posts
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ နှင့် ကရင်အမျိုးသားအစည်းအရုံး ပူးတွဲကြေညာချက်
ASEAN Peoples’ Forum 2014 Representatives Meet with ASEAN Affairs Department of Ministry of Foreign Affairs of Myanmar to Prepare for an Interface Meeting with ASEAN Leaders
ထားဝယ်တောင်သူလယ်သမားများ ဆန္ဒထုတ်ဖော်ခြင်းအပေါ် သဘောထားထုတ်ပြန်ချက်
Statement on Child Soldier
Dr Cynthia Maung Receives Honorary Doctorate in Medicine from Ubon Ratchathani University, Thailand
    Contact Us | Privacy Policy  Visit us at the following social networking sites.
    © 2010 Burma Partnership FlickrTwitterYou Tube