Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.

မြန်မာစစ်တပ်မှ ကချင်နှင့် ပလောင်ပူးပေါင်းတပ်ဖွဲ့အား ထိုးစစ်ဆင်ခဲ့

By Palaung Women's Organization  •  May 15, 2012

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ်ဆန်မြို့နယ် ဟိုနမ်းရွာအနီးတ၀ိုက်တွင် ၂၀၁၂ ခုနှစ် မေလ ၁၅ရက်နေ့ ညနေ၃ နာရီခွဲအချိန်၌  မြန်မာစစ်တပ် ခလရ တပ်ရင်း (၅၀၂)သည်  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း(၃၄)နှင့် တပ်ရင်းမှူး မိုင်းဟိုဝ်ပ္လါင် ဦးဆောင်သော ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့အား လာရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သတင်းရရှိပါသည်။

၎င်းတိုက်ပွဲဖြစ်ပွါးချိန်တွင် အစိုးရစစ်တပ် တပ်ရင်း (၅၀၂) မှ တပ်သား (၄)ဦးကျဆုံးခြဲ့ပီး TNLA နှင့် KIA ဘက်မှ အကျအဆုံးမရှိဟု သိရှိရသည်။

မြန်မာစစ်တပ်က ကျတော်တို့တပ်ရှိတဲ့နေရာ ကို သတင်းအတိအကျရပြီးတော့ လာတိုက်တာဖြစ်တယ် သူတို့က အရင်လာတိုက်တော့ ကျတော်တို့လည်းနှစ်ဖွဲ့ပေါင်းပြီး ပြန်တိုက်ခဲ့တယ်။ ကျတော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပေမဲ့ မြန်မာစစ်တပ်ဘက်ကတော့ လေးယောက် ကျသွားတယ်”  ဟု တပ်ရင်းမှူး မိုင်းဟိုဝ်ပ္လါင်မှ ပြောပြခဲ့ပါသည်။

ဧပြီလဆန်းပိုင်းမှစ၍ မြန်မာစစ်တပ်ဘက်မှ တပ်ရင်း(၁၃၀)နှင့် တပ်ရင်း(၅၀၂)တို့ မှ အင်အား (၁၅၀)၀န်းကျင်တို့သည် ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာဒေသ၀န်းကျင်တွင် လာရောက်ဝိုင်းရန်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ကြောင်း  ၄င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။

၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မန်တုန်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်တ၀ိုက်တွင် မြန်မာစစ်တပ်၊ ကချင်နှင့် ပလောင်စစ်တပ်တို့် မကြာခဏတိုက်ပွဲငယ်များ ဖြစ်ပွားလျှက်ရှိသည်။

သတင်းမှတ်တမ်းနှင့်သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

ဆက်သွယ်ရန်
–  (+၈၆) ၁၃၉-၈၈၂-၉၄၅-၁၄
– (+၈၆) ၁၈၃-၁၃၀-၄၆၀-၃၀)

Tags: , , , , ,

This post is in: Press Release

Related Posts
Burma Army Displays Blatant Disregard for 21st Century Panglong Peace Process
On Union Day, Reappraisal of the Peace Process is Needed
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ထုတ်ပြန်ကြေညာချက်
Time for the Government to Accept the Reality of Human Rights Problems, Take Effective Measures and Move Forward
Kachin Region: War Torn Displaced Village Profiles