Burma Partnership, Strengthening Cooperation for a Free Burma
Signup Now!
Join our mailing list for latest news and information about Burma.
To view Burmese content, please install Zawgyi-One font.
Bookmark and Share

“ဦးဝင်းတင်နဲ့ မေးခွန်းများ” အီးဘွတ် ၈၈ အရေးတော်ပုံ ၂၂ နှစ် အထိမ်းအမှတ်အဖြစ် မိုးမခက ဖြန့်ချိ

By Moemaka Media | August 7, 2010

စစ်အစိုးရ အလိုကျ ၂၀၁၀ ရွေးကောက်ပွဲ၊ NLD ပါတီ၏ ရပ်တည်ဖြတ်သန်းမှုနှင့် မြန်မာပြည်အရေး အင်တာဗျူးများ စုစည်းတင်ဆက်ချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးမခက ဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းခြင်း အင်တာဗျူးဆောင်းပါးများကို တစုတစည်းတည်း အီးဘွတ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီအရေး ၈ လေးလုံး အရေးတော်ပုံကြီးရဲ့ ၂၂ နှစ်ပြည့်မှာ အမှတ်တရ အလေးပြုပြီး ထုတ်ဝေတာ ဖြစ်ပါတယ်။လက်ရှိ ၂၀၁၀ စစ်အစိုးရရွေးကောက်ပွဲ အရှုပ်အထွေးကာလမှာ ဆရာဦးဝင်းတင်ရဲ့ ပြတ်သားတဲ့ အတွေးအမြင်၊ အင်န်အယ်ဒီပါတီရဲ့ ၂၀၁၀ နိုင်ငံရေးအကြပ်အတည်းကို မည်သို့ တစုတစည်းတည်း ရင်ဆိုင်ဖြတ်သန်းပုံနဲ့ ကြုံတွေ့ရုန်းကန်ရမှုတွေကို သည်အင်တာဗျူးမှတ်တမ်းကနေ သမိုင်းစာမျက်နှာအဖြစ် မော်ကွန်းထိုးတဲ့အနေနဲ့ မိုးမခစာနယ်ဇင်းအဖွဲ့က ကြိုးပမ်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်နဲ့ အတိုက်အခံရပ်တည်နေတဲ့ မြန်မာပြည်ရဲ့ လက်ရှိ တခုတည်းသော နိုင်ငံရေးပါတီနဲ့ ပါတီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေရဲ့ ၂၀၁၀ ခုနှစ် ရပ်တည်ချက် မှတ်တမ်းလည်း ဖြစ်တဲ့အပြင် စစ်အစိုးရ ဖန်တီးလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံရေး လုပ်ကြံမှု၊ သွေးထိုး လှုံဆော်မှု အရှုပ်အထွေးကို အမြင်ရှင်းရှင်းနဲ့ ရှုမြင်သုံးသပ်နိုင်အောင် စာဖတ်သူတွေ လက်ထဲကို အရောက်ပို့ပေးချင်တဲ့ မိုးမခရဲ့ လက်ဆောင်လည်း ဖြစ်ပါတယ်။          ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ တခဲနက်သော ဒီမိုကရေစီရေး ခေါင်းဆောင်များ၊ အမျိုးသမီးများ၊ လူငယ်များနဲ့ မျိုးဆက်သစ်တွေနဲ့ ရပ်တည်နေတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံပါတီ – အင်န်အယ်ဒီပါတီကို ၀ိုင်းဝန်း ထောက်ခံ အားပေးမှုများ ဆောင်ရွက်လိုတဲ့ မြန်မာပြည်တွင်းနဲ့ ပြည်ပက “အင်န်အယ်ဒီမိတ်ဆွေ” တွေက ပုံနှိပ်စာအုပ်အဖြစ် ထုတ်ဝေပြီး ရန်ပုံငွေရှာဖွေကြမယ်ဆိုရင် မိုးမခက ဒီစာအုပ်ကို မေတ္တာနဲ့ ပုံနှိပ်ပေးဖို့ အဆင်သင့်ပါပဲ။          အခုလက်ရှိတော့ အီးဘွတ်အဖြစ်နဲ့ အလျင်မြန်ဆုံး အမျိုးသားနိုင်ငံရေး လှုပ်ရှားသူ၊ စိတ်ဝင်စားသူ၊ စာဖတ်သူတွေ လက်ထဲအရောက် ၀ိုင်းဝန်းပြီး အားပေးကူညီ လက်ဆင့်ကမ်း ပေးကြပါရန် မိုးမခစာနယ်ဇင်းအဖွဲ့က လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်။

Download the book

Tags: ,

This post is in: Political Prisoners, Resources

    Contact Us | Privacy Policy  Visit us at the following social networking sites.
    © 2010 Burma Partnership FlickrTwitterYou Tube